အပိုင်း ( 1775 ) အမွေခံကုဒ်နှစ်ခု

152 18 0
                                    

အပိုင်း ( 1775 ) အမွေခံကုဒ်နှစ်ခု။

"ဒါက ထူးဆန်းလို့လား။ အရင်တုန်းက ငါ့ရဲ့ကုဒ်နာမည်က ချင်းလွမ်လို့ခေါ်တယ်။ ဒါပေမဲ့ာငါ့အမွေခံကတ်ကတော့ ပျောက်ကွယ်သွားတာ ကြာမြင့်ခဲ့ပါပြီ"
နင်ကျန်းလီက ခေါင်းကို ခပ်ဖြေးဖြေးခါယမ်းပြီးတော့ ပြောလိုက်ပါတယ်။

"ရှန်ကျိုးအမိုးခုံးမှာ ဆက်ခံသူ ဆယ့်ကိုးယောက်ပဲရှိနေတာ အံ့သြစရာတော့ မဟုတ်တော့ပါဘူး။ သူတို့နှစ်ယောက်က ‌ရောက်မလာတာ နှစ်အတော်ကြာခဲ့ပြီ။ တကယ်တော့ အမွေအနှစ်တွေ ဖြတ်တောက်ခံခဲ့ရတာပေါ့"
ချူးယွန်လည်း ဒီတော့မှ တစ်ခုခုကို နားလည်သဘောပေါက်သွားပါတယ်။

နင်ကျန်းလီက မချိပြုံးပြုံးပြီး ပြောလိုက်တယ်။
"ငါ့ရဲ့ အကြွင်းအကျန် ဝိညာဉ်က တကယ်ပဲ လက်နက်ဝိညာဥ်အဖြစ် ဖမ်းယူ သန့်စင်ခံခဲ့ရတယ်။ တကယ်ကို သေသင့်တဲ့သူပဲ။ ဒီနှစ်တွေတစ်လျှောက်မှာ မပြည့်စုံတဲ့အနေအထားနဲ့ ငါနေခဲ့ရတာ။ ဒါထက် သန့်စင်ခြင်းလမ်းကိုးပါးစေတီကို ဘယ်သူ ပြုလုပ်ခဲ့တယ်ဆိုတာ နင်သိလား၊ ငါသူ့ကို သတ်မလို့"

"အင်း၊ ငါသိသလောက်တော့ တိုင်ဂန်တိုက်ကြီးမှာရှိတဲ့ ပန်းပဲပညာရှင်တွေက ဖန်တီးခဲ့တာတဲ့။ ဒါပေမဲ့ ပြုလုပ်ပြီးတာနဲ့ မင်းက သူတို့အားလုံးကို သတ်ပစ်လိုက်တယ်..."
ချူးယွန်က ခြောက်ကပ်ကပ်နဲ့ ချောင်းဟန့်လိုက်ပါတယ်။

"တကယ်ပဲလား၊ ငါ ဒါတွေကို မမှတ်မိတော့ဘူး"
နင်ကျန်းလီက ငရဲနက်မိစ္ဆာဓားကို ရုတ်တရက် ဆွဲထုတ်ပြီးတော့ ပြောလိုက်တယ်။
"ဒီဓားက ငါနဲ့အတူ ရှိနေခဲ့တာကြာပြီ။ ဒါက ငါ့ကို ထူးခြားတဲ့ ခံစားချက်မျိုး အမြဲပေးခဲ့တယ်လေ။ ငါ့ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားရင်တောင် ဒါကို စားပစ်လိုက်ဖို့ မစောင့်နိုင်တော့ဘူး"

"ဒါက ဓားကောင်းတစ်လက်ပါပဲ"
ချူးယွန်ရဲ့ မျက်လုံးတွေက အရောင်လက်သွားကာ ငရဲနက်မိစ္ဆာဓားကို အသေချာကြည့်လိုက်ပါတယ်။ ဒါက ငရဲနက်မိစ္ဆာဓားကို ပထမဆုံး အနီးကပ်မြင်ဖူးတာပါ။

"နင်သဘောကျလား၊ ငါနင့်ကို ပေးမယ်ဆိုရင် ဘယ်လိုလဲ"
နင်ကျန်းလီက ဂရုမစိုက်ဟန်နဲ့ ကြည့်လိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now