အပိုင်း ( 1799 )မအောင်မြင်ရင်တော့ သေဖို့ပဲ ရှိတော့မယ်

111 13 0
                                    

အပိုင်း ( 1799 )

နောက်ပိုင်းမှာ ‌ချူးယွန်က ယောက်ချီ မြင့်မြတ်တိုင်းပြည်ကို သွားရောက်ခဲ့ပါတယ်။ သူက နဝမမင်းသမီးနဲ့ လုယွဲ့ဆီကို သွားရောက်ခဲ့တာပါ။

"ချူးယွန်၊ နင် ဘယ်တုန်းက ပြန်လာတာလဲ"

ချူးယွန်က တန်းဇီရှမ်းနဲ့ လက်ထပ်လိုက်ပေမဲ့ နဝမမင်းသမီးရဲ့ စိတ်အားထက်သန်မှုက မပြောင်းလဲခဲ့ပါဘူး။

ချူးယွန်က ပြုံးပြီး ပြောလိုက်တယ်။
"ငါပြန်ရောက်တာ မကြာသေးပါဘူး။ ဒီအတောအတွင်း မင်းမှာ ဘာမှလုပ်စရာမရှိဘူး ဟုတ်တယ်မဟုတ်လား။ ငါမင်းကို နှစ်နည်းနည်းလောက် လေ့ကျင့်တဲ့နေရာကို ခေါ်သွားချင်တယ်"

"လေ့ကျင့်ဖို့လား၊ ကောင်းပြီ"
နဝမမင်းသမီးက မတုံ့ဆိုင်းပါဘူး။ ဘယ်မှာ လေ့ကျင့်ရမယ်ဆိုတာ မသိပေမဲ့ သူနဲ့အတူ ရှိနေနိုင်သမျှ ကျေနပ်နေမှာပါ။

နံဘေးမှာ လုယွဲ့က နဝမမင်းသမီးနဲ့ ချူးယွန်ကို သံသယတွေနဲ့ ကြည့်လိုက်တယ်။

နှစ်တွေကြာလာတာနဲ့အမျှ သူဟာ နဝမမင်းသမီးဆီကနေ ပန်းချီအတတ်ပညာကို သင်ယူခဲ့ရင်း သူမရဲ့ စိတ်နေသဘောထားကိုလည်း သဘာဝကျကျ သိခဲ့ပါတယ်။

သူ့နောက်ကိုလိုက်နေတဲ့ မရေမတွက်နိုင်တဲ့ ပါရမီရှင် အမျိုးသားတွေ ရှိကြတယ်။

ဒါပေမဲ့ နဝမမင်းသမီးဟာ ဘယ်သူ့ကိုမဆို သည်းခံမနေဘဲ အပြတ်ငြင်းဆိုလေ့ ရှိတယ်။

ဒါပေမဲ့ အခု ချူးယွန်နဲ့ကျတော့ အလွန်စိတ်အားထက်သန်နေပြီး ကိုယ်တိုင် ခိုဝင်ဖို့တောင် မစောင့်နိုင်တော့ပါဘူး။

ဒါက လုယွဲ့ကို အနည်းငယ် စိတ်ရှုပ်ထွေးစေတယ်။

ဒီလိုသာဆိုရင် ချူးယွန်က တကယ့်ကို အသည်းမာသူ လူညစ်တစ်ယောက်ပါ။

နဝမမင်းသမီးက ဒီလောက် စိတ်အားထက်သန်နေတာတောင် ဘာမှ မပြောဘဲ အချိန်တိုင်းစောင့်ခိုင်းထားတယ်။

"ငါလည်း သွားရမှာလား"
လုယွဲ့က အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ သူ့ကိုယ်သူ လက်ညိုးညွှန်ကာ ဝင်မေးလိုက်တယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now