အပိုင်း ( 1851 )မျက်မမြင်အဘိုးကြီး ဒီမှာရှိ‌တာလား"

84 4 0
                                    

အပိုင်း ( 1851 )

"မျက်မမြင်အဘိုးကြီး ဒီမှာရှိ‌တာလား"
ဒါကိုမြင်တော့ ချန်ကျူက တစ်ခုခုကို ပြန်လိုချင်ဟန်နဲ့ ပြုံးလိုက်ပါတယ်။

ဆိုင်ရှင်လည်း ခြောက်ကပ်ကပ်နဲ့ရယ်ပြီး အဆင့်နိမ့် အင်မော်တယ်ကျောက်ကို ပြန်ပေးလိုက်ရတယ်။

ချန်ကျူက သူ့လက်ကိုဝှေ့ယမ်းကာ ချူးယွန်ကို မျက်မမြင်အဘိုးကြီးရှေ့ ခေါ်သွားလိုက်ပါတယ်။
"အဘိုးကြီး၊ ငါ့ညီလေးက မင်းကို တစ်ခုခု မေးချင်လို့"

"ဟားဟားဟား၊ ထုံးစံအတိုင်း အဆင့်နိမ့်အင်မော်တယ်ကျောက် ဆယ်လုံးပေးရမယ်။ ငါသိရင် ပြောပြမယ်၊ ငါမသိရင်လည်း အင်မော်တယ်ကျောက်တွေကို ပြန်ပြီးပေးမှာ မဟုတ်ဘူးနော်။ ဟဲဟဲ"
အဘိုးကြီးက ရယ်မောလိုက်ပါတယ်။

ချန်ကျူလည်း ဘာမှမပြောတော့ဘဲ အဆင့်နိမ့် အင်မော်တယ်ကျောက် ဆယ်လုံးပေးကာ ချူးယွန်ကို အမြန်မေးဖို့ မျက်ရိပ်ပြလိုက်တယ်။

'ဈေးကြီးလိုက်တာ'
ချူးယွန် စိတ်ထဲကနေ ရေရွတ်လိုက်ပါတယ်။ အဖြေသိရလို့ ယူသွားတာက ပြဿနာမရှိပေမဲ့ မသိရင်တောင် ပြန်မပေးဘူးဆိုတာကတော့... တကယ်မာနကြီးတယ်။

"အကြီးအကဲ၊ ဝူရှန်တောင်ကို ခင်ဗျားသိလား"
ချူးယွန်က စိတ်ထဲမှာ ရေရွတ်လိုက်ပေမဲ့ အပြင်ပန်းမှာတော့ ယဉ်ယဉ်ကျေးကျေး မေးလိုက်ပါတယ်။

"ဝူရှန်တောင်လား"
ဒီစကားကိုကြားတော့ မျက်မမြင်အဖိုးကြီးရဲ့ အမူအရာက ပြောင်းလဲသွားပါတယ်။ သူက အင်မော်တယ်ကျောက်ဆယ်လုံးကို ချက်ချင်းထုတ်ပြီး လှည့်ထွက်သွားပါတော့တယ်။
"မမေးနဲ့တော့၊ မသိဘူး... ဘာမှမသိဘူး"

ချန်ကျူန်နဲ့ ချူးယွန်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး ပြေးလိုက်သွားကြတယ်။

"အဘိုးကြီး၊ ခင်ဗျား အခုမှ ဘာဖြစ်နေတာလဲ။ ခင်ဗျား ဒီစားသောက်ဆိုင်မှာနေတာ နှစ်ပေါင်းမနည်းတော့ဘူး။ တစ်ခါမှ အခုလိုမဖြစ်ဘူး၊ ဒီနေ့ ငါတို့မေးခွန်းတွေကြားမှ ဘာဖြစ်လို့ ထွက်သွားရတာလဲ"
ချန်ကျူ အနည်းငယ်စိတ်ပျက်သွားပါတယ်။

သူက ဝူရှန်တောင်အကြောင်းကို သိပုံရပေမဲ့ ထူးထူးဆန်းဆန်း ပြုမူနေတယ်။ သူဘာဖြစ်သွားတာလဲ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now