အပိုင်း ( 1797 )သူ့ကို ခေါ်သွားနိုင်မယ်ဆိုရင် တကယ်ကို ကောင်းခြင်းတစ်ခုပါ

109 14 0
                                    

အပိုင်း ( 1797 )

စွဲမြဲနေတဲ့ မှတ်ဉာဏ်တွေအရ ချူးယွန်ဟာ ပြင်ပနယ်မြေတစ်ခုကို ရောက်လာခဲ့ပါတယ်။

ဒါက အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ ဖရိုဖရဲလေထုရှိတဲ့ နေရာတစ်ခုပါ။ ဟိုးအရင်ကတော့ ချူးယွန်ဟာ ဒီနေရာကို မတော်တဆ ရောက်ခဲ့ရပါတယ်။ ဒါပေမဲ့ အခု သူကိုယ်တိုင်က လိုချင်သလို အလွယ်တကူ ရောက်လာခဲ့ပါပြီ။

ပြင်ပမိစ္ဆာနယ်မြေထဲကို ဝင်ရောက်လာတာနဲ့ ချူးယွန်ကို ကြီးမားတဲ့ မိစ္ဆာစွမ်းအင်တွေက လွှမ်းခြုံသွားခဲ့ပါတယ်။

ဒါပေမဲ့ ချူးယွန်ဟာ မသက်မသာ ခံစားရရုံသာမကဘဲ ကျေနပ်စွာတောင် ပြုံးလိုက်ပါသေးတယ်။

ဒီခံစားချက်က တကယ်ကို အဆင်ပြေတယ်။

အခုဆိုရင် ရှန်တုမျိုးနွယ်မှာ ကျွမ်းကျင်သူအားလုံးက စစ်ပွဲကို ရောက်နေကြတာပါ။ ဒါကြောင့် ပြင်ပမိစ္ဆာ ရှန်တုမျိုးနွယ်မှာ ကျွမ်းကျင်သူတွေ သိပ်မရှိပါဘူး။

ချူးယွန်က ရင်းနှီး‌နေတဲ့ လမ်းအတိုင်း အကြီးဆုံးနန်းတော်ဆီကို လျှောက်သွားခဲ့ပါတယ်။

ဒါက အရင် ရှန်တုမူ ပိုင်ဆိုင်ခဲ့ပေမဲ့ အခုတော့ ရှန်တုပါ့နေရာ ဖြစ်သွားခဲ့ပါပြီ။

ရှန်တုပါ့နဲ့ မဟာအကြီးအကဲ။

မင်းတို့ဆီကို ငါလာပြီ။

"လူသားကျူးကျော်မှု ရှိတယ်ဟေ့"
ချူးယွန်ရောက်လာပြီး မကြာခင်မှာပဲ ပြင်ပမိစ္ဆာတွေ သတိပြုမိသွားပါတယ်။

တကယ်တော့ ချူးယွန်က အရှိန်အဝါကို ဖုံးကွယ်ဖို့ စိတ်ကူးမရှိဘဲ ဒီအတိုင်း လျှောက်သွားခဲ့တာပါ။ လမ်းမှာ ပြင်ပမိစ္ဆာ အစောင့်တွေက ချူးယွန်ကိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လည်း ချူးယွန်အနားကိုတောင် မကပ်နိုင်ဘဲ အမှုန့်ဖြစ်သွားခဲ့စမြဲပါပဲ။

ချူးယွန်က လက်နှစ်ဖက်ကို နောက်ပစ်ပြီး အေးအေးလူလူ လျှောက်သွားခဲ့ပါတယ်။ သူ့မျက်လုံးတွေကတော့ ပတ်ဝန်းကျင်ကို အကဲခတ်နေလို့ပါ။

အခု အားကောင်းလာတဲ့ နတ်ဆိုးမျိုးနွယ်တွေနဲ့ယှဉ်ရင် ရှန်တုမျိုးနွယ်က ပန်းသီးပျော့တွေ ဖြစ်လာခဲ့ပါတယ်။ အားလုံးထဲမှာ သူတို့က အားအနည်းဆုံးပါပဲ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now