အပိုင်း ( 1791 ) ကပ်ဘေး အဖြတ် ခုနစ်ခု

106 10 0
                                    

အပိုင်း ( 1791 )

"ဒုတိယဦးလေး၊ အခြေအနေဘယ်လိုရှိလဲ"
ရုတ်ပျက်ဆင်းပျက်နဲ့ ပြေးထွက်လာတဲ့ တန်းလီကိုမြင်တဲ့အခါ ချူးယွန်လည်း မယုံနိုင် ဖြစ်သွားခဲ့ပါတယ်။

အထဲမှာ အခြေအနေက ဒီလောက်ထိ ပြင်းထန်နေတာလား။

တန်းလီက ချူးယွန်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်မှ သွေးတွေကို သုတ်လိုက်ပါတယ်။ သူက စိုးရိမ်တကြီးနဲ့ ကြည့်ကာ ပြောလိုက်တယ်။
"အခြေအနေ မကောင်းတော့ဘူး၊ မင်းရဲ့ မင်္ဂလာဆောင်နေ့မှာ လာပြီးစိန်ခေါ်ခဲ့တဲ့ နတ်ဆိုးမျိုးနွယ်က ဘီလူးကြီးကို မှတ်မိသေးလား။ သူ့ရဲ့ စွမ်းအားက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်၊ သူက ငါ့ရဲ့ သိုင်းဝိဉာဉ်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးခဲ့တယ်လေ။ ငါက သူ့ပြိုင်ဘက်ဖြစ်ဖို့ အဝေးကြီးပဲ"

ဒါကိုကြားတော့ ချူးယွန် အံ့အားသင့်ပြီး လုံးဝ မယုံနိုင်ဖြစ်သွားခဲ့ပါတယ်။

ဒီလောက်တောင် အားကောင်းတာလား။

တန်းလီက အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ ဒုတိယဘီလူးကြီးပါ။

သူတောင်မှ ပြိုင်ဘက်ထက် အများကြီး အားနည်းတယ်လို့ ခံစားရရင် တန်ူချုံကျန်းက ပြိုင်ဘက်ဖြစ်နိုင်ပါ့မလား။

"မင်း စိတ်ပူနေတာကို ငါသိပါတယ်။ အစ်ကိုကြီးရဲ့ တိုက်ခိုက်စွမ်းက ဒီအတောအတွင်းမှာ အများကြီး တိုးတက်လာခဲ့တာကြောင့် အလွယ်တကူရှုံးမှာ မဟုတ်ဘူး။ ဒါပေမယ့် နောက်ဆုံး ရလဒ်က ဘာဖြစ်မယ်ဆိုတာကိုတော့ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါကြောင့် ငါ မင်းကို အမြန်ဆုံး ထွက်သွားစေချင်တယ်။ သွာစို့... ငါ မင်းကို လိုက်ပို့ပေးမယ်"
တန်းလီ အနည်းငယ် စိုးရိမ်သွားပါတယ်။ ကောင်လေးရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ သူသိတယ်။

အဆုံးမဲ့ကြယ်ကောင်းကင်တစ်ခုလုံးကို သိမ်းပိုက်မှာလား။

ဒီလိုရည်မှန်းချက်မျိုးက အမှန်တကယ် ကြောက်စရာကောင်းတယ်။

ချူးယွန်လည်း အမူအရာ ပြောင်းသွားခဲ့ပါတယ်။ တန်းချုံကျန်းတောင်မှ မယှဉ်နိုင်ဘူးဆိုရင် ရလဒ်က အကောင်းဘက်မှာ မရှိနိုင်တော့ဘူး။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Место, где живут истории. Откройте их для себя