အပိုင်း ( 1796 )မင်းရဲ့ မိစ္ဆာစွမ်းအင်တွေက ငါ့အတွက် အရမ်းအကျိုးရှိတယ်

126 17 0
                                    

အပိုင်း ( 1796 )

ချူးယွန်ကို ကြည့်ရင်းကြည့်ရင်းနဲ့ ပိုင်လီချင်းလုံရဲ့ စိတ်ထဲမှာ စိမ့်ကြောက်လာခဲ့ပါတယ်။

တစ်ခုခုမှားနေသလို ခံစားရတာကြောင့်လည်း သူ ထွက်ပြေးချင်နေခဲ့ပါပြီ။

ဒါပေမဲ့ သူက ပိုင်လီမျိုးနွယ်ရဲ့ ခေါင်းဆောင်ကြီးပါ။ ဒီအတိုင်း ထွက်ပြေးမယ်ဆိုရင် သူ့နာမည်က သမိုင်းရဲ့ အနိမ့်ပါးဆုံးနေရာကို ထိုးကျဆင်းသွားနိုင်ပါတယ်။

နောက်ပြီး ပြိုင်ဘက်ရဲ့လက်ကနေ တကယ် လွတ်မြောက်နိုင်ပါ့မလား။

"ပိုင်လီချင်းလုံ၊ ဒီနေ့ မင်း သေနေ့စေ့ပြီ"
ချူးယွန်က လှောင်ပြောင်ပြီး လေထဲကို ဖမ်းဆုပ်ဟန်ပြုလိုက်ပါတယ်။
"ဓားတစ်သောင်း"

"ရွှစ် ဝှစ်"
လေထဲမှာ မရေတွက်နိုင်တဲ့ ဓားအလင်းတွေ ပေါ်လာခဲ့ပါပြီ။ တစ်ချက်ကြည့်ရုံနဲ့ ရေလို့မရအောင် ဓားတွေက အလွန်များပြားခဲ့ပါတယ်။

ဒါက ဓားတစ်ထောင်မဟုတ်၊ တစ်သောင်းလည်း မဟုတ်ပါဘူး။

မရေတွက်နိုင်တဲ့ ဓားတွေနဲ့ ပိတ်ရွယ်ခံရတဲ့အခါ ပိုင်လီချင်းလုံရဲ့ ခန္ဓာကိုယ်က အနည်းငယ်တုန်ခါသွားပါတယ်။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းကာ အသက်ရှူမဝသလိုတောင် ဖြစ်လာခဲ့ပါပြီ။

ဒါက သေခြင်းရဲ့ခံစားချက်လား။

ဓားများစွာနဲ့ ချိန်ရွယ်ခံရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်က အလွန် ခြောက်ခြားစရာကောင်းပါတယ်။ ဒီအခိုက်မှာ သူက ကမ္ဘာအဆုံးကို ရောက်နေသလိုမျိုး ဘယ်လိုပဲ ကြိုးစားနေပါစေ၊ လွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။

ပိုင်လီချင်းလုံ အလွန်ထိတ်လန့်သွားသည်။ လက်ရှိ ချူးယွန်ဟာ ဟိုးအရင်က တန်းချုံကျန်းထက်တောင် ပိုပြီး ကြောက်စရာကောင်းပါသေးတယ်။

"ဝှစ်"
ချူးယွန်က သူ့ရဲ့လက်ချောင်းကို ပေါ့ပေါ့ပါးပါး လွှဲချလိုက်ပါတယ်။ ချက်ချင်းပဲ ဓားတွေ ဖြတ်သန်းသွားသံ ခပ်တိုးတိုး ပေါ်လာခဲ့ပါပြီ။

ဟင်းလင်းပြင်လည်း တွင်းနက်ကြီးတစ်ခုလို ပြိုကျသွားပါတော့တယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now