အပိုင်း ( 1805 )အရမ်းအန္တရာယ်များတယ်

116 14 0
                                    

အပိုင်း ( 1805 )

"သတ်၊ ဒီကောင်လေးကို သတ်ကြ"
ကုန်းရဲ့ဟွင်းက ချူးယွန်ရဲ့ ခြေလက်လေးဖက်ကို သံကြိုးတွေနဲ့ တုပ်နှောင်ပြီး အော်ဟစ်လိုက်ပါတယ်။

နောက်အခိုက်မှာပဲ ကြောက်စရာကောင်းတဲ့ အရှိန်အဝါတွေ ပေါ်ထွက်လာခဲ့ကြပါပြီ။

"ဟင်၊ ပြင်ပမိစ္ဆာအားလုံးက ပထမအဖြတ်ကို ရောက်နေတာပဲ"
ချူးယွန် နည်းနည်းအံ့ဩသွားပါတယ်။ ကြည့်ရတာ၊ ဒီနှစ်တွေအတွင်းမှာ ဒီမိစ္ဆာအားလုံးက နတ်ဆိုးကောင်လေးဆီကနေ တိုးတက်ဖို့နည်းလမ်းတွေကို သင်ယူထားခဲ့ကြပုံပါ။ ဒီအခိုက်မှာ ပေါ်လာကြတဲ့ ပြင်ပမိစ္ဆာ ငါးကောင်စလုံးက ပထမအဖြတ်ကို ရောက်နေကြပြီး အတော် အစွမ်းထက်ခဲ့ပါတယ်။

'ငါသာ အဆင့်မတက်သေးရင် တကယ်ပဲ လဲကျသွားနိုင်တယ်'
ချူးယွန် လျစ်လျူရှုစွာ ပြုံးလိုက်ပါတယ်။ ထွက်ပေါ်လာတဲ့ မိစ္ဆာတွေကိုရင်ဆိုင်ရင်း သူ့ဆီကနေ အစွမ်းထက် အရှိန်အဝါတွေ ပေါက်ကွဲထွက်လာခဲ့ပါပြီ။ ချက်ချင်းပဲ၊ သံကြိုးတွေဟာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားပါတော့တယ်။

ဒါက တစ်စက္ကန့်တောင် မကြာပါဘူး။

"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ကုန်းရဲ့ဟွင်း တုန်လှုပ်သွားပါတယ်။ ချူးယွန်ကို သန်မာသူမှန်းသိပေမဲ့ ဒီလောက်ထိ အားကောင်းမယ်လို့ မထင်ထားပါဘူး။ မူလက သူဟာ ချူးယွန်ကို ဆွဲဆောင်ပြီး လှည့်ကွက်တွေနဲ့ ရင်ဆိုင်ဖို့ ရည်ရွယ်ထားခဲ့တာပါ။

ဒါပေနဲ့ ချူးယွန်ရဲ့ နယ်ပယ်က ပထမအဖြတ်ကိုဖိနှိပ်ပြီး ဒုတိယအဖြတ်တောင် ရောက်သွားခဲ့ပါပြီ။

ဒီလို တိုးတက်မှုက ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။

"ကုန်းရဲ့ဟွင်း၊ မင်းက လှည့်ကွက်တွေနဲ့ ငါ့ကို သတ်ချင်နေတာပဲ။ ဒါပေမဲ့ ကံမကောင်းချင်တော့ မင်း မလုပ်နိုင်ဘူး"

"ဒီစွမ်းရည်လေးနဲ့ ကမ္ဘာကို ဖြိုနိုင်မယ်လို့ ထင်နေတယ်။ ငါကတော့ မင်းကို ကိုယ့်အသက်ကိုတောင် မကာကွယ်နိုင်ဘူးလို့ မြင်တယ်"
ချူးယွန် မာနထောင်လွှားစွာနဲ့ လှောင်ပြောင်လိုက်ပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now