အပိုင်း ( 1852 )
"မင်းရဲ့ဆရာ ကျွမ်းကျင်တာက ဓားနဲ့ဆေဘာပဲ၊ သူက အင်မော်တယ်ကမ္ဘာကြီးမှာတောင် အစွမ်းထက်ဆုံးတွေထဲက တစ်ခုစာရင်းဝင်နိုင်တဲ့ သူ့ကိုယ်ပိုင် မဟာဖွံ့ဖြိုးခြင်းဓားသိုင်းကို တီထွင်ခဲ့တယ်။ ဒါပေမဲ့ ငါမတူဘူး၊ ငါ့ရဲ့ခန္ဓာကိုယ်က သူ့ထက်ပိုပြီးသန်မာတယ်။ ငါ့ရဲ့ လက်သီးချက်၊ ခြေကန်ချက်တွေက အနှိုင်းမဲ့တယ်"
ပြောပြီးတာနဲ့ မျက်မမြင်အဖိုးကြီးရဲ့ ခန္ဓာကိုယ်ကနေ အားကောင်းတဲ့ စွမ်းအင်လှိုင်းနဲ့ ဝေဝါးဝါးပုံရိပ်တွေ ပေါ်လာခဲ့ပါတယ်။"အရင်ဆုံး မင်းရဲ့ ခန္ဓာကိုယ်ကို စမ်းသပ်ကြည့်ရအောင်"
မျက်မမြင်အဘိုးကြီးက ချူးယွန်ရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီးတော့ ပြောလိုက်တာပါ။ဒါပေမဲ့ နောက်အခိုက်မှာတော့ သူ့အမူအရာ ပြောင်းလဲသွားပါတယ်။
"ဘယ်လို... ဒါဘယ်လိုဖြစ်နိုင်မှာလဲ"ချူးယွန်လည်း လန့်သွားခဲ့ပါပြီ။
"ဆရာဦးလေး၊ ဘာဖြစ်လို့လဲ"မျက်မမြင်အဘိုးကြီးရဲ့ မျက်လုံးတွေကို မမြင်ရပေမဲ့ သူ့အမူအရာက အတော်စိတ်လှုပ်ရှားတဲ့ပုံရပါတယ်။ သူက ပင့်သက်ရှိုက်ရင်း ပြောလိုက်တယ်။
"အင်မော်တယ်ကမ္ဘာမှာ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ပတ်သက်လို့ ကြီးမားတဲ့ အောင်မြင်မှုရရှိချင်ရင် သန်မာတဲ့ရုပ်ခန္ဓာမျိုး ရှိထားဖို့လိုတယ်။ မင်းရဲ့ ရုပ်ခန္ဓာက ကြောက်စရာကောင်းလေလေ၊ အနာဂတ်က ပိုပြီးကောင်းလေလေပဲ။ အခု မင်းရဲ့ခန္ဓာကို စစ်ဆေးကြည့်တဲ့အခါ မင်းရဲ့ဆရာနဲ့ အတူတူဖြစ်နေတာကို ငါမြင်လိုက်ရတယ်။ ဒါက ကမ္ဘာမှာ တွေ့ရခဲတဲ့ စစ်နတ်ဘုရားခန္ဓာပဲ""စစ်နတ်ဘုရားခန္ဓာလား"
ချူးယွန် အံ့ဩသွားပါတယ်။ ဒီနာမည်က ကြီးကျယ်လွန်းတယ်။ဒီစစ်နတ်ဘုရားခန္ဓာက ဘာလဲ။
"စစ်နတ်ဘုရားခန္ဒာကို ဒီအင်မော်တယ်ကမ္ဘာမှာ အသန်မာဆုံး ခန္ဓာတစ်ခုအဖြစ် အသိအမှတ်ပြုထားကြတယ်။ ဒါက ခန္ဓာကိုယ်သန့်စင်ဖို့အတွက် အကောင်းဆုံးခန္ဓာတစ်ခုပေါ့။ အဲဒီတုန်းက မင်းရဲ့ဆရာမှာ စစ်နတ်ဘုရားခန္ဓာရှိပေမဲ့ သူက ခန္ဓာကိုယ်သန့်စင်တာကို စိတ်မဝင်စားဘူး။ သူက ဓားနဲ့ဆေဘာကိုပဲ အာရုံစိုက်ခဲ့တာ၊ ဒါက ကောင်းကင်ရတနာကို ဖြုန်းတီးလိုက်သလိုပဲ"
မျက်မမြင်အဘိုးကြီးက ပြောရင်းနဲ့ ငိုလိုက်ပြန်ပါတယ်။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...