အပိုင်း ( 1809 )
"သူ ဒဏ်ရာရသွားတယ်"
ဒါကိုမြင်တော့ တန်းချုံကျန်း စိတ်လှုပ်ရှားသွားခဲ့ပါတယ်။သူ အားပါးတရ ရယ်မောပြီးတော့ နဂါးလှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပါပြီ။ သူ့ရဲ့ လက်မောင်းကနေ အင်အားတွေက လှံတစ်လျှောက် စီးဆင်းသွားပါတော့တယ်။
နောက်အခိုက်မှာ လှံချက်က လေထုကိုဖောက်ပြီး ထွက်ပေါ်လာခဲ့ပါတယ်။
အဆုံးမဲ့ ဟင်းလင်းပြင်ကို လှံအလင်းက ထိုးဖောက်သွားခဲ့တာပါ။
ဒါကိုမြင်တော့ တိထျန်းက သူ့ရဲ့ အခြား လက်တစ်ဖက်နဲ့ လှံအလင်း တောက်ပနေတဲ့ ဟင်းလင်းပြင်ကို တွန်းထုတ်လိုက်ပါတယ်။
ပေါက်ကွဲသံနဲ့အတူ သန်မာတဲ့လှိုင်းတွေက အရပ်ရပ်ကို ပျံ့နှံ့သွားခဲ့ပါပြီ။
လှံအလင်းကို ခုခံပြီးနောက် တိထျန်း ဒေါသတကြီးနဲ့ အော်ဟစ်လိုက်ပါတယ်။
"ချူးယွန်၊ ငါ မင်းကို တကယ်လျှော့တွက်ခဲ့တာပဲ။ မင်း ငါ့ကို တကယ်ဒေါသထွက်စေတယ်။ မင်းရဲ့ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ပြီး သတ်မယ်"
ချူးယွန်က ဘာမှပြန်မပြောပါဘူး။ တိထျန်းကိုသာ ဆက်လက်တိုက်ခိုက်လိုက်ပါတယ်။"ဒီလောက်နဲ့ ရမှာလား"
တိထျန်းက သူ့ရဲ့ပခုံးကို လက်နဲ့ သပ်လိုက်တဲ့အခါ အလင်းတစ်ခု ပေါ်လာခဲ့ပါတယ်။ ဒဏ်ရာက သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အမြန်နှုန်းနဲ့ ပြန်ကောင်းလာခဲ့ပါတယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ မူလအနေအထားကို ပြန်ရောက်သွားခဲ့ပါပြီ။သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပါတော့တယ်။
ချူးယွန် အမြန် ရှောင်ထွက်လိုက်ပါတယ်။ သူ့အနောက်မှ ကြယ်တစ်ပွင့်လည်း ပွင့်ထွက်သွားပါပြီ။
ချူးယွန်က ကြယ်ပေါက်ကွဲရာမှ ဖြစ်ပေါ်လာတဲ့ အင်အားသက်ရောက်မှုကို အသုံးပြုပြီး ရှေ့ကို အရှိန်ပြင်းပြင်းနဲ့ ပြေးထွက်သွားပါတယ်။ သူက တိထျန်းဆီကို ပိုမြင့်မားတဲ့အမြန်နှုန်းနဲ့ ပျံသန်းသွားတာပါ။
သူ ရှောင်တိမ်းတာကလည်း အနောက်ဘက်မှာ ကြယ်ပေါက်ကွဲမှု ဖြစ်စဉ်ကနေ အင်အား ဆွဲယူချင်လို့ပါပဲ။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...