အပိုင်း ( 1842 )
"အမေ၊ အဖေ ဘယ်မှာလဲ"
ချူးမူကျစ်က မေးလိုက်ပါတယ်။ သူ ချူးယွန်နဲ့မတွေ့ရတာ နှစ်ဝက်ကြာပြီမို့ သဘာဝအတိုင်း လွမ်းဆွတ်လာခဲ့တာပါ။ချူးယွန် အနားမှာမရှိတဲ့အခါ တန်းဇီရှမ်းက လေ့ကျင့်ဖို့အတွက် သင်ကြားပေးခဲ့ပါတယ်။
"မင်းအဖေက တံခါးပိတ်လေ့ကျင့်နေတယ် သားရဲ့။ ဒါကြောင့် အမေပဲ သားကိုအဖော်ပြုနေပေးတာပေါ့"
တန်းဇီရှမ်းက ပြုံးပြီး ချူးမူကျစ်ကို ကြည့်လိုက်လိုက်ပါတယ်။ဒီကလေးလေးက တကယ်ကို ထူးချွန်တယ်။
သူ့အတွက် သူမ တကယ်ကို ဂုဏ်ယူရပါတယ်။
"ဒါပေမဲ့ သား အဖေ့ကို သတိရနေတုန်းပဲ။ အဖေ သားကို ရှေးဦးမှော်နည်းလမ်းတွေ သင်ပေးစေချင်တယ်"
ချူးမူကျစ်က ခေါင်းငုံ့ပြီး ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။တန်းဇီရှမ်းလည်း ခေါင်းကိုခါယမ်းပြီး ပြုံးလိုက်မိတယ်။ ဒီကလေးရဲ့ ကျင့်ကြံခြင်းကို စိတ်ဝင်စားမှုက တကယ်ကို ကြီးမားလွန်းပါတယ်။ နေ့တိုင်း လေ့ကျင့်ခွင့်မပေးဘူးဆိုရင် သူ့ကိုသတ်တာထက်တောင် ပိုဆိုးလိမ့်မယ်။
ဒါကြောင့် တခါတလေ ချူးမူကျစ်ကို လေ့ကျင့်တာနားပြီး အခြားအရာတွေကို လုပ်စေချင်မိပါတယ်။
ဒါပေမဲ့လည်း ချူးမူကျစ်က သူ့အချိန်တွေကို လေ့ကျင့်တာမှာပဲ နစ်မြှုပ်ထားပြီး အချိန်မဖြုန်းလိုပါ။
ဒီအတွက် ချူးယွန်တောင်မှ ဘာမှမတတ်နိုင်ခဲ့ပါဘူး။
အခုဆိုရင် ချူးမူကျစ်က ကိုးနှစ်ရှိပါပြီ။ မိဘနှစ်ပါးရဲ့ အားသာချက်အမွေကို ဆက်ခံထားသူအနေနဲ့ ပိုမို ချောမောပြီး သူရဲကောင်းဆန်ဆန်အသွင်မျိုး ရှိလာခဲ့ပါတယ်။
တခါတလေတော့လည်း ကောင်းကင်မြို့က ကောင်မလေးတချို့က သူရှိရာကို လာတတ်ကြပါတယ်။ ဒါပေမဲ့ အနားကိုရောက်အောင်မလာဘဲ အဝေးကနေပဲ သူသိုင်းကစားတာကို စောင့်ကြည့်ကြတာပါ။ ဒါပေမဲ့ ချူးမူကျစ်က စူးစမ်းဟန်နဲ့ ပြန်စိုက်ကြည့်တဲ့အခါ အားလုံး ရှက်ရွံ့ဟန်နဲ့ ပြန်ပြေးသွားကြပါတော့တယ်။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...