အပိုင်း ( 1823 )ဒါကို ရှန်ကျိုးတိုက်ကြီးလို့ ခေါ်မယ်

115 14 0
                                    

အပိုင်း ( 1823 )

ဒါက လူသားတွေ ပြုလုပ်နိုင်တဲ့ နည်းလမ်းမျိုးကော ဟုတ်သေးရဲ့လား။

ဒါက အားလုံးရဲ့ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေခဲ့ပါပြီ။ အားလုံးရဲ့အထက်မှာ ရပ်နေတဲ့ နတ်ဘုရားတစ်ပါးလို... သူလိုချင်တာမှန်သမျှကို အလွယ်တကူ ဖော်ဆောင်နိုင်စွမ်း ရှီနေခဲ့ပါတယ်။

"ဒါက...နင့်ရဲ့နည်းလမ်းပဲလား၊ ဒါမှမဟုတ် ငါတို့တွေ ပုံရိပ်ယောင်ကမ္ဘာထဲ ရောက်နေကြတာလား"
တန်းဇီရှမ်း တုန်လှုပ်သွားပါတယ်။ ဒီလိုနည်းလမ်းတွေကို ကြားဖူးနားဝရှိပေမဲ့၊ ချူးယွန်က ဒီလောက်ထိ ကြောက်စရာကောင်းမယ်လို့ မထင်ထားခဲ့ပါဘူး။

အတွေးတစ်ခုနဲ့ အလိုရှိရာကို ဖြစ်ပေါ်စေနိုင်တယ်။

ဒါက အံ့ဖွယ်အဖြစ်အပျက်ကြီး တစ်ခုပါ။

"ငါက ဒီကမ္ဘာရဲ့ စွမ်းအင်ရင်းမြစ်ကျောက်နဲ့ ပေါင်းစပ်ခဲ့တာလေ။ ဒါကြောင့် ဒီကမ္ဘာရဲ့ ဥပဒေသအားလုံးကို သဘာဝအတိုင်း ထိန်းချုပ်နိုင်ပါတယ်။ ငါလိုချင်ရင် စည်းမျဉ်းအသစ်တွေကိုတောင် ဖန်တီးနိုင်တယ်။ ဒီကမ္ဘာမှာတော့ ငါက 'ဖန်ဆင်းရှင်နတ်ဘုရား' လို့ ပြောရင်တောင် ချဲ့ကားပြောရာမကျဘူး"
ချူးယွန်က လက်နှစ်ဖက်ကို နောက်ပစ်ပြီးတော့ ပြောလိုက်ပါတယ်။

"ဒါဆိုရင်... နင်က ဒီကမ္ဘာမှာ ပြိုင်ဘက်ကင်းပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့"
ဒီအချက်ကို တွေးမိတဲ့အခါ ချန်းပိနင်း မယုံကြည်နိုင် ဖြစ်သွားခဲ့ပါတယ်။

ဒီလိုအခြေအနေမျိုး တကယ်ရှိတယ်။

"ပြိုင်ဘက်ကင်းတာလား... ဒါက ဖြစ်သင့်တယ်။ အခု ငါက ဒီကမ္ဘာရဲ့ စွမ်းအင်ရင်းမြစ် ပုံဆောင်ခဲကို အပြည့်အ၀ ပေါင်းစပ်ထားတာ မဟုတ်ဘူး။ အဲဒါကို ငါ ထိန်းချုပ်နိုင်ပေမဲ့ ထိန်းချုပ်လို့မရတဲ့ နက်ရှိုင်းတဲ့အရာတွေ အများကြီးရှိသေးတယ်လေ။ အဲဒါတွေကို သေချာနားလည်ပြီးရင်တော့ တကယ်ကို ပြိုင်ဘက်ကင်းလို့ ခေါ်နိုင်ပါတယ်"
ချူးယွန် ပြုံးလိုက်တယ်။

"ဒီကမ္ဘာခြားက အဆုံးမဲ့ကြယ်ကောင်းကင်ရဲ့ ငါးပုံ
နှစ်ပုံကျော်ကို သိမ်းပိုက်ထားတာနော်။ ဒါကို နင် ဘယ်လိုဖြေရှင်းမလဲ"
တန်းဇီရှမ်းဟာ စိတ်လှုပ်ရှားနေပြီးနောက် လက်ရှိအခြေအနေကို သတိရသွားပါတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now