အပိုင်း ( 1780 ) မန်ချင်းရန်ရဲ့ အကြံ

118 13 0
                                    

အပိုင်း ( 1780 ) မန်ချင်းရန်ရဲ့ အကြံ။

ချူးယွန်ရဲ့ စကားကိုကြားတော့လည်း တန်းချုံကျန်းရဲ့ မျက်နှာအမူအရာက မပြောင်းလဲပါ။ ဒါပေမဲ့ ကမ္ဘာကို မှောက်လှန်တော့မလို စွမ်းအားမျိုးနဲ့ လက်ဝါးရိုက်ချက်ကို ရုတ်တရက် ထုတ်ဖော်လိုက်ပါတယ်။

"ဝုန်း"
ပေါက်ကွဲသံတစ်ခု ပေါ်လာခဲ့ပါတယ်။

မိုးနဲ့မြေက တုန်ခါပြီး နေနဲ့လပါ ပျောက်ကွယ်သွားခဲ့တဲ့အလား...
 
ဒီတိုက်ခိုက်မှုအောက်မှာ မြေအောက်နန်းတော်တစ်ခုလုံး တုန်ခါစပြုလာခဲ့ပါတယ်။

နန်း‌တော်ဘေး‌ပတ်ပတ်လည် မြေပြင်က ပြိုကျသွားတာကြောင့် အောက်ဘက်ကို နိမ့်ဆင်းသွားပါပြီ။

ဒီရိုက်ချက်လေးတစ်ခုက ကျူဝမ်ငါးဆယ် အဓိပဓိရဲ့ စွမ်းအားကို ထင်ရှားစေခဲ့ပါတယ်။

ဟင်းလင်းပြင်တောင်မှ ဒီလောက်ကြီးမားတဲ့အင်အားကို မခံနိုင်ဘဲ အဆက်မပြတ် ပေါက်ကွဲသွားခဲ့ရပါပြီ။

ဒီအခိုက်မှာ ချူးယွန်တို့လည်း ကောင်းကင်ပြိုသလို ခံစားရကာ ယိုင်ထိုးသွားခဲ့ရပါတယ်။

တန်းချုံကျန်းသာ သူ့ခွန်အားကို ကောင်းကောင်း မထိန်းချုပ်ထားရင် တိုင်ဂန်စစ်ကမ္ဘာတစ်ခုလုံး ပြိုကျသွားလောက်တယ်။

"အား"
မိစ္ဆာစိတ်က အော်ဟစ်လိုက်ပါတယ်။ တန်းချုံကျန်းရဲ့ အင်အားကို ဒီလောက်ထိ အားကောင်းမယ်လိူ့ မထင်ထားခဲ့ပါဘူး။

သူက တံဆိပ်ကို ချိုးဖြတ်ပြီးရုံမှာပဲ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ စွမ်းအားကို ခံစားလိုက်ရတာပါ။ သူ့ရဲ့ အားနည်းနေသေးတဲ့ အခြေအနေမှာ ကြီးမားလွန်းတဲ့ အင်အားကို ရင်ဆိုင်တာကြောင့် တစ်ချက်တောင် မခံနိုင်တော့ပါဘူး။

"ချီ ချီ ချီ"
မိစ္ဆာစိတ်ရဲ့ ဦးခေါင်းဟာ ကြမ်းကြုတ်တဲ့ မျက်နှာအမူအရာနဲ့။လေထဲမှာ လွင့်ပါးသွားခဲ့ရပါတယ်။

ချူးယွန် အနည်းငယ် အံ့ဩသွားခဲ့ပါပြီ။ အဖြစ်အပျက်တိုင်းက အလွန် မြန်ဆန်ခဲ့ပါတယ်။

သူ့ကိုသတ်ရအောင် နှစ်ပေါင်းများစွာ ငါ ကြိုးစားခဲ့ရပေမဲ့ ငါ့ယောက္ခမကို ဒီလိုပဲ သုတ်သင်ခဲ့တာလား။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now