အပိုင်း ( 1835 )
ဒီနေရာမှာ နောက်ထပ်နှစ်လကြာ နေထိုင်ပြီးနောက် ချူးယွန်က ဖီးနစ်ဧကရာဇ်စစ်ကမ္ဘာကို အမြန် ပြန်လာခဲ့ပါတယ်။
တန်းဇီရှမ်းရဲ့ ကလေးမွေးဖွားတာကို သူကိုယ်တိုင် သက်သေခံချင်တယ်။
ဒါက သူ့ဘဝအတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်တာကြောင့် အလွန်စိတ်လှုပ်ရှားနေလို့ပါ။
ဒါပေမဲ့ တန်းဇီရှမ်းရဲ့ ကလေးမွေးဖွားခြင်းဖြစ်စဉ်က ထင်ထားသလောက် မခက်ခဲပါဘူး။ သူ့ရဲ့နယ်ပယ်က မြင့်မားလွန်းတာကြောင့် ဖြစ်နိုင်ပေမဲ့ လွယ်တာကတော့ အတော်ကလေး လွယ်ကူခဲ့ပါတယ်။ အမွှေးတိုင် တစ်တိုင်စာအတွင်းမှာပဲ ကလေးတစ်ယောက်ရဲ့ ငိုကြွေးသံကို ကြားလိုက်ရတာပါ။
ချူးယွန်လည်း မျက်လုံးအရောင်လက်လာပြီး တံခါးဖွင့်ကာ ချက်ချင်း ပြေးဝင်သွားပါတော့တယ်။
အခန်းထဲမှာ၊ တန်းဇီရှမ်းက ပျော်ရွှင်နေတဲ့မျက်နှာနဲ့ ခုတင်ပေါ်မှာ ထိုင်နေခဲ့ပါတယ်။ သူ့ရဲ့ ရင်ခွင်ထဲမှာတော့ ကလေးလေးတစ်ယောက်ကို ထွေးပွေ့ထားလို့ပါ။ ကလေးလေးက ချူးယွန်နဲ့ တန်းဇီရှမ်းရဲ့ အားသာချက်တွေကို အမွေဆက်ခံခဲ့ရပုံပါ။ အပြစ်ကင်းစင်တဲ့ သူ့မျက်နှာလေးက တကယ်ကို ချစ်စရာကောင်းပါတယ်။
ဒါက ယောက်ျားလေး။
သူမရဲ့ ဘေးနားမှာတော့ အလုပ်ရှုပ်နေတဲ့ အစေခံတွေ ရှိနေခဲ့ပါတယ်။ သူတို့က တန်းဇီရှမ်းအတွက် ကူညီလုပ်ကိုင်ပေးနေကြတာပါ။ ဒါပေမဲ့ တကယ်တော့ တန်းဇီရှမ်းဟာ သူတို့ရဲ့ အကူအညီ သိပ်မလိုခဲ့ပါဘူး။ သူဟာ ကလေးမွေးရမှာမို့ အလွန်စိတ်လှုပ်ရှားနေပေမဲ့ ထူးဆန်းမှုကို တွေ့ခဲ့ရပါတယ်။ သူ့ရဲ့ ဝမ်းဗိုက်ထဲကနေ အလင်းလုံးတစ်ခု ထွက်လာသလို ခံစားလိုက်ရပြီးနောက် ကလေးလေးက အပြင်ကို ရောက်လာခဲ့တာပါ။
ချူးယွန်လည်း ရှေ့သို့ အမြန်ပြေးလာပြီး တန်းဇီရှမ်းရဲ့ ပခုံးကို ညင်ညင်သာသာ ပွေ့ဖက်လိုက်ပါတယ်။
"ဇီရှမ်း... မင်းရဲ့ ကြိုးစားမှု အတွက် ကျေးဇူးတင်ပါတယ်""ငါ... ငါ မခကပြါဘူး..."
တန်းဇီရှမ်း အနည်းငယ် စိတ်ရှုပ်သွားပါတယ်။ ငါလည်း မခက်ခဲဘဲနဲ့ သူက အရမ်းပျော်နေတာလား။
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
冒險အပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...