အပိုင်း ( 1815 )နတ်ဆိုးဘုရားစွမ်းအား

116 14 0
                                    

အပိုင်း ( 1815 )

"ဟင်"
တိထျန်း ခေါင်းကိုမော့ပြီး ကြည့်လိုက်ပါတယ်။ မီတာတစ်သောင်းအကွာမှ သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်ကို ခံစားလိုက်ရပါပြီ။ သူ သေချာကြည့်လိုက်တော့မှ တန်းချုံကျန်းဖြစ်နေမှန်း သိလိုက်ပါတော့တယ်။

"နှစ်ထောင်ချီသက်တမ်းကို လောင်ကျွမ်းစေခဲ့တာ။ သူက တကယ်ကို အရူးပဲ"
တန်းချုံကျန်းဖြစ်မှန်း သိလိုက်တဲ့အခါ တိထျန်း မနေနိုင်ဘဲ ကျိန်ဆဲလိုက်ပါတယ်။

ဒါကမှ အရူးအမူးမဟုတ်ရင် ဘာလဲ။

အရာအားလုံးကို လျစ်လျူရှုပြီး ကိုယ့်ရဲ့ အသက်ဓာတ်ကိုတောင် လောင်ကျွမ်းစေခဲ့တာပါ။

ချူးယွန်လည်း တုန်လှုပ်သွားပါတယ်။

သူ့ယောက္ခမက တိထျန်းကိုသတ်ဖို့ သူ့ရဲ့ အသတ်ဓာတ်ကိုတောင် အတင်းအကြပ် လောင်ကျွမ်းစေနေတာလား။

ချူးယွန် ဒေါသထွက်လာပြီး အံကိုတင်းတင်းကြိတ်လိုက်ပါတယ်။

သေစမ်း။

ဒါပေမဲ့ ဒီကိစ္စက စတင်ခဲ့ပြီးပြီမို့ နောက်ပြန်ဆုတ်စရာ မရှိတော့ပါဘူး။ ဒါကြောင့် အခု သူလုပ်နိုင်တာက တိထျန်းကို ထွက်မပြေးနိုင်အောင် အစွမ်းကုန် ကြိုးစားထားဖို့ပါ။

ဒီတိုက်ပွဲကို အဆုံးသတ်ဖို့ အချိန်တန်ပြီ။

"ဒူးထောက်"
ချူးယွန်ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး တိထျန်းရဲ့ အပေါ်ကနေ ဆောင်နင်းလိုက်ပါတယ်။

တိထျန်းလည်း ခြေဆောင့်ချက်မှာ ပါဝင်နေတဲ့ အင်အားတွေကို ခံစား‌မိတာကြောင့် လက်သီးနှစ်လုံးနဲ့ ပင့်ထိုးလိုက်ပါပြီ။ ဒါပေမဲ့လည်း ကြီးမားတဲ့ အင်အားတွေက ပင်လယ်လှိုင်းလို တလိမ့်လိမ့်တက်လာတာကြောင့် နောက်အခိုက်မှာတော့ မခက်နိုင်တော့ဘဲ ကြယ်တွေအပေါ်ကို ပြုတ်ကျပြီး တစ်ဖက်ကိုပါ ဖောက်ထွက်သွားပါတော့တယ်။

နတ်ဆိုးမျိုးနွယ်က ခန္ဓာကိုယ်ကြံ့ခိုင်မှု အလွန်မြင့်မားကြပါတယ်။ တိထျန်းဆိုရင် ဘိုးဘေးတစ်ဦးဖြစ်တာကြောင့် အခြားနတ်ဆိုးတွေထက် အများကြီး ပိုတောင် အားကောင်းပါသေးတယ်။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now