အပိုင်း ( 1845 ) ငါတို့ အနိုင်ရလိမ့်မယ်

104 7 0
                                    

အပိုင်း ( 1845 )

'ဒီအကာအကွယ်စွမ်းအင်က အင်မော်တယ်စွမ်းအင်ပဲလား။ အင်မော်တယ်စွမ်းအင်က ဝိညာဉ်စွမ်းအင်ထက် အဆပေါင်းများစွာ ပိုပြီးတော့ သန့်စင်အားကောင်းတယ်။ ဒါက အင်မော်တယ်တွေရဲ့ အရင်းအမြစ်စွမ်းအင်ပဲ'
ချူးယွန် ခွဲခြမ်းစိတ်ဖြာလိုက်ပါတယ်။

ဒါပေမဲ့ နောက်ဆုံးအဖြေကနေတော့ စိတ်ပျက်မှုတွေပါ။

တစ်ဖက်လူကို ထိခိုက်စေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ မျောလွင့်တိမ်တိုက် ကြယ်ကောင်းကင်က သူ့အခြေအနေလိုမျိုး... သူက ဒီနေရာရဲ့ နတ်ဘုရားဖြစ်တာကြောင့် ဘယ်သူမှ သူ့ကို မထိခိုက်စေနိုင်ပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူဆန္ဒရှိရင် အားလုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်ပါတယ်။

အခု ဒီနေ့လည်း အဲဒီလိုပဲ မဟုတ်လား။

"မင်းဘယ်သူလဲ၊ မင်းဘာလိုချင်လို့လဲ..."
ချူးယွန် အံကိုတင်းတင်းကြိတ်ပြီး စိုက်ကြည့်လိုက်ပါတယ်။

"ငါက ကောင်းကင်၊ ငါက နတ်ဘုရား၊ ငါက အင်မော်တယ်"
လူငယ်က မာနထောင်လွှားဟန်နဲ့ ပြောလိုက်တယ်။ အဲဒီနောက် သူက ရုတ်တရက် လှုပ်ရှားလိုက်ပါပြီ။ သူက ချူးယွန်ကို လည်ပင်းညှစ်ကာ လေထဲမှာ ဆွဲမြှောက်ထားပြီး ချူးမူကျစ်ဘက် လှည့်ပြီးပြောလိုက်တယ်။
"တကယ်လို့ မင်း ငါနဲ့မလိုက်ရင် သူ့ကိုသတ်ပစ်မယ်။ မင်း ဘာကိုရွေးမှာလဲ၊ မင်းအဖေ မင်းရှေ့မှာ သေသွားတာကို မင်းမြင်ချင်တာလား၊ ဒါမှမဟုတ် ငါ့နဲ့လိုက်ခဲ့ဖို့ ဆန္ဒရှိမှာလား။ ကောင်လေး... မင်းဘယ်လိုရွေးမယ်ဆိုတာ ငါကြည့်ချင်တယ်"

သူ့မျက်လုံးထဲမှာတော့ စိတ်ဝင်စားမှု အရိပ်အမြွက်တို့ ဖြစ်ပေါ်နေလို့ပါ။

တစ်ခါတရံမှာ ပုရွက်ဆိတ်တွေရဲ့ ရုန်းကန်မှုကို သူမြင်ချင်မိတယ်။

အရေးကြီးတဲ့အခိုက်အတန့်မှာ ရွေးချယ်မှု‌တွေက သူ့ကို ပိုပြီးပျော်ရွှင်စေနိုင်ပါတယ်။

ဒါပေမဲ့ ချူးမူကျစ်က ဆယ့်ငါးနှစ်ပဲရှိသေးတာပါ။ ဒီလိုရွေးချယ်မှုမျိုးကို သူဘယ်လိုရင်ဆိုင်နိုင်မှာလဲ။

ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅Where stories live. Discover now