အပိုင်း ( 1779 ) မိစ္ဆာစိတ်ရဲ့ ဦးခေါင်း။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး သူက သတင်းရသွားတာလဲ"
အနက်ရောင်ဝတ်လူ ထိတ်လန့်တုန်လှုပ်သွားပါတယ်။ သူ့မျက်လုံးမျာ မယုံနိုင်မှုတွေ ပေါ်လာပြီးနောက် အနည်းငယ်တောင် တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ထွက်ပြေးပါတော့တယ်။
"အခုမှ ပြေးချင်တာလား"
တန်းချုံကျန်းရဲ့ အေးစက်စက် စကားသံ ထပ်မံ ပေါ်လာခဲ့ပါတယ်။ ချက်ချင်းပဲ တိုင်ဂန်နယ်နိမိတ်တစ်ခုလုံးကို လွှမ်းမိုးသွားပါပြီ။"ဝုန်း ဝုန်း ဝုန်း"
ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ချက်ချင်းပဲ ကမ္ဘာတစ်ခုလုံး ဒီအင်အားကို မခံနိုင်သလို တုန်ခါလာခဲ့ပါပြီ။ခဏကြာပြီးနောက်မှာတော့ ပြန်လည် ငြိမ်သက်သွားပါတော့တယ်။
ချူးယွန်လည်း အနည်းငယ် မျက်ခုံးပင့်လိုက်မိပါတယ်။ ဒျိပုံစံအရ တန်းချုံကျန်းရဲ့ လက်ကနေ အနက်ရောင်ဝတ်လူက လွတ်သွားခဲ့တာလား။
မယုံနိုင်စရာပါပဲ။
အနက်ရောင်ဝတ်လူရဲ့ တိုက်ခိုက်နိုင်စွမ်းက အနည်းဆုံး ကျူဝမ်ငါးဆယ်အထိ ရှိသင့်တယ်။
ဒါက ဘုရင်မရဲ့ မိစ္ဆာစိတ်လည်း ဟုတ်ပုံမရပါဘူး။
ဒါဆိုရင် သူက ဘယ်သူလဲ။
ချူးယွန်ရဲ့ နှလုံးသားထဲမှာ နာမည်တစ်ခု ပေါ်လာခဲ့ပါတယ်။
ဒါက အလွန်ထူးဆန်းပေမဲ့ သူလို့ပြောနေတဲ့ သဲလွန်စ အတော်များများရှိတယ်။
လေထဲမှာ တန်းချုံကျန်းရဲ့ပုံရိပ်က ထွက်ပေါ်လာခဲ့ပါတယ်။ သူက အပြောင်းအလဲမရှိတဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်တယ်။
"ငါတို့ သုံးကြိမ်တိုက်ခိုက်ပြီးတော့ သူ ထွက်ပြေးသွားခဲ့တယ်။ ဒါပေမဲ့ သူ့ရဲ့ အထောက်အထားကို ငါသိလိုက်ပါတယ်။ ဒါကြောင့် တမင် လိုက်မဖမ်းတော့တာ""ကျွန်တော် ခန့်မှန်းရရင် ဒါက မန်ချင်းရန် မဟုတ်လား"
ချူးယွန်က ပြုံးလိုက်ပါတယ်။တန်းချုံကျန်းလည်း အနည်းငယ် အံ့သြသွားပြီး ပြောလိုက်တယ်။
"မင်းတကယ်သိတာလား"
YOU ARE READING
ကောင်းကင်စစ်ဝိညာဉ်(ချူးယွန်)အတွဲ-၅ Uni & Zawgyi ကောင်းကင်စစ်ဝိညာဉ် အတွဲ-၅
Adventureအပိုင်း ၁၇၇၄ မှ ဇာတ်လမ်းအကျဉ်း ၂၁ ရာစု တရုတ်နိုင်ငံရဲ့အထူးစစ်သားတစ်ယောက်၊ ရှေးဟောင်းပစ္စည်းတွေ ဖောက်ထွင်းခံရတာကြောင့် ပြန်လည်လိုက်ယူရင်း သေလောက်တဲ့ ဒဏ်ရာရခဲ့တယ်။ အဲဒီမှာ ထူးဆန်းတဲ့ရှေးဟောင်းပစ္စည်းတစ်ခုကို သူ့ကိုယ်က စီးကျလာတဲ့သွေးတွေ ဝင်သွားခ...