Chapter - 2

4.5K 686 65
                                    

                       > Unicode <

မုထုံအန်းတစ်ယောက် လက်ရွယ်ကျီသူ့ကိုပြောလိုက်တဲ့စကားကြောင့် သူ့နားပင်သူ မယုံကြည်နိုင်ဖြစ်သွားရသည်။ သူသိသော လင်ရွယ်ကျီဟာ သူ့အားအမြဲကျိုးနွံကာ သူသေဆိုသေ ရှင်ဆိုရှင်လူစားမျိုးဖြစ်သည်။ ကျောင်းပိတ်ရက်ဖြစ်စေ ကျောင်းဖွင့်ရက်ဖြစ်စေ လင်ရွယ်ကျီက မုထုံအန်းအတွက် မနက်စာကိုတကူးတက ကုမ္မဏီရှေ့ထိလာစောင့်ပြီးပေးတတ်သည်။

တစ်ခါတလေ မုထုံအန်းကိုတွေ့ရဖို့အတွက် ကုမ္မဏီအောက်ထပ် နှင်းတောထဲမှာထိုင်စောင့်နေတတ်သေးသည်။ လင်ရွယ်ကျီကို မုထုံအန်းကဘယ်လိုပဲပြောဆိုဆက်ဆံပါစေ လင်ရွယ်ကျီကဗွေမယူတဲ့အချိန် နောက်တစ်နေ့မှာ မုထုံအန်းကိုလာချော့လိမ့်မည်။ သို့သော် လင်ရွယ်ကျီ ထိုသို့လုပ်လေလေ မုထုံအန်းပို၍စိတ်ပျက်လေလေဖြစ်နေတာကိုတော့ လင်ရွယ်ကျီတစ်ယောက်မသိပေ။

မုထုံအန်းဟာ စီးပွားရေးလောကမှာနာမည်ကြီးအင်အားကြီးတဲ့ Alpha တစ်ယောက်ဖြစ်တဲ့အပြင် သူ့ကိုအိမ်တော်တော်တော်များများက သူတို့အိမ်ရဲ့ အိုမီဂါလေးတွေကိုကမ်းလှမ်းစေချင်ကြသည်မှာမနည်းပေ၊ အဲ့ထဲတွင် လင်အိမ်တော်လည်းပါဝင်သည်။ သို့သော်လင်ရွယ်ကျီ လို ဟိုမရောက်ဒီမရောက်အညတညလူက မုထုံအန်းကို ထိုသို့ ပြောင်ပြောင်တင်တင်ပိုးပန်းနေတာကြောင့် အရှက်ရသူမှာ မုထုံအန်းဖြစ်သည်။ သို့သော် လင်ရွယ်ကျီရဲ့အဖေ လင်ဝေ့ဟာ မုထုံအန်းနဲ့စီးပွားရေးကြီးတစ်ခုကိုအတူတူလုပ်နေတာကြောင့်သာ လင်ရွယ်ကျီကို သည်းခံနေတာပင်။

အခုလည်း လင်ရွယ်ကျီက သူငြင်းလိုက်လို့တခြားအကွက်ပြောင်းသုံးနေပြန်ပြီဆိုတာသိလိုက်တာကြောင့် သူ့ကိုမထီမဲ့မြင်ပြုံးကာပြောလာသည်။

" ဟမ့် ဘာအကွက်တွေလာသုံးနေတာလဲ မင်းငါ့ကိုချဥ်းကပ်ဖို့ဘယ်လိုအကွက်တွေသုံးနေပါစေ မင်းရဲ့စရိုက်ကိုငါနည်းနည်းလေးတောင်မကြိုက်ဘူး "

နံဘေးမှာကြည့်နေတဲ့လူတစ်ချို့ကလင်ရွယ်ကျီကိုကြည့်ကာ ဟာသတစ်ခုလိုမြင်ပြီးခိုးရယ်နေကြတော့သည်။ မုထုံအန်းပြောတာမမှားပေ..ဒီကျောင်းမှာကြိုက်တဲ့လူကိုမေးကြည့် လင်ရွယ်ကျီက မုထုံအန်းကို သေမလောက်ကြိုက်တာ မျက်စိမြင်တဲ့လူတိုင်းသိသည်မဟုတ်လား။ ချောင်မိန်က လင်ရွယ်ကျီကိုစိတ်ထဲမှာလှောင်ရယ်နေတော့သည်။

The villain is my boyfriendWhere stories live. Discover now