Chapter - 21

5.4K 588 46
                                    

                        [ Unicode ]

" ဒါ..ဒါတကယ်လား! ကျုပ်သားရွယ်ကျီက Omega ပေါ့..!!

" ဘာ!! "

ထို ' ဘာ!! ' ဆိုတဲ့အသံကတော့ ယုမိန်ဆီကထွက်လာတာဖြစ်ပြီး ကမ္ဘာပျက်သလိုပုံစံမျိုးကတော့ လင်ချောင်မိန်မှာဖြစ်ပျက်သွားခြင်းပင်။ ယုမိန်ကချက်ချင်းပဲ လင်​ဝေ့ဆီကဖိုင်တွဲကိုယူကြည့်ပြီးနောက် သူ့မျက်လုံးတွေကမယုံကြည်နိုင်တဲ့ပုံစံမျိုးဖြစ်နေခဲ့ပြီး လင်ချောင်မိန်ဆီဖိုင်ကိုကမ်းပေးလိုက်တယ်။

သူ့မျက်လုံးနဲ့မြင်ရပြီးနောက် လင်ချောင်မိန်ရဲ့မျက်လုံးတွေကမယုံကြည်နိုင်မှု့တွေနဲ့ အတွင်းစိတ်ထဲမှာတော့ ဒေါသမီးတောက်လောင်နေခဲ့သည်။

* သူကဘယ်လိုလုပ် Omega ဖြစ်လာတာလဲ!! *

" ဒါဘယ်လိုဖြစ်နိုင်မှာလဲ!! "

လင်ချောင်မိန်ရဲ့ အဲ့မေးခွန်းကကျောက်ဇီရှန်ရဲ့ဒေါသကိုဆွလိုက်သလိုပင်။ ကျောက်ဇီရှန်ရဲ့မျက်ဝန်းတွေကအလိုမကျစွာမဲမှောင်လျှက် လင်ချောင်မိန်ကိုစိုက်ကြည့်နေခဲ့ပြီး..၊

" ဘာကမဖြစ်နိုင်ရတာလဲ "

" မဟုတ်.. အကိုက ပြောင်းလဲမှု့ဖြစ်စဥ်ရဲ့အချိန်ကန့်သတ်ချက်ကိုတောင်ကျော်သွားပြီးပြီလေ အခုနှစ်ဆို အသက် ၂၂ တောင်ပြည့်တော့မှာမလား "

" အဲ့တော့ ရွယ်ကျီအိုမီဂါဖြစ်တာမင်းအတွက်စိတ်အနှောက်ယှက်ဖြစ်နေတာလား! "

" အာ.. ကျွန်..ကျွန်တော်ကအဲ့လိုသဘောပြောတာမဟုတ်ပါဘူး ဒီတိုင်းအံသြသွားလို့ပါ "

ကျောက်ဇီရှန်ရဲ့သဘောထားက လင်ချောင်မိန်အပေါ်တင်းမာနေပြီး ဒေါသထွက်နေပုံရတာကြောင့် လင်ဝေ့တို့အားလုံးကြောက်လန့်သွားရသည်။

" ဗိုလ်ချုပ်ကြီး ကျုပ်သားကစကားပြောမတတ်လို့စိတ်မခုပါနဲ့..ရွယ်ကျီနဲ့ပက်သတ်လို့ကျုပ်တို့ကအံသြပြီး မေးမိမေးရာပြောမိတာပါ.. ဟုတ်တယ်မလားရွယ်ကျီ မင်းညီလေးကိုစိတ်မခုဘူးမလား "

တစ်မိသားစုလုံးရဲ့အံသြနေတဲ့အပြုအမူက လင်ရွယ်ကျီအတွက်တော့စိတ်ဝင်စားစရာမရှိဘူး။ အဲ့တာကြောင့် လင်ရွယ်ကျီက လင်ဝေ့တို့အားလုံးရဲ့တုန့်ပြန်မှု့တွေကိုစိတ်မဝင်စားနေဘူး။ သို့ပေမယ့် ကျောက်ဇီရှန်က သူနဲ့ပက်သတ်ပြီးနည်းနည်းလေးမှအထိမခံတာတွေ့တော့ သူ့ရင်ထဲနွေးထွေးပြီးပြုံးမိသွားတယ်။

The villain is my boyfriendWhere stories live. Discover now