Chapter - 9

4.8K 642 41
                                    

                        > Unicode <

ဒီနေ့ လင်ရွယ်ကျီတို့အတန်းနှစ်ရက်မရှိဘူး။ တကယ်တော့အတန်းမရှိပေမယ့် ကိုယ်သွားချင်သွားလို့ရတယ်။ ဒါပေမယ့် တော်ရုံဘယ်သူမှသွားကြတာတော့မရှိဘူး အဲ့လိုပဲ လင်ရွယ်ကျီလည်းမသွားဘူး။
အစက လင်ရွယ်ကျီတွေးထားတာပိတ်ရက်မှာ သူ့သူငယ်ချင်းနှစ်ယောက်ကိုခေါ်ပြီးလျှောက်လည်မယ်၊ မုန့်စားမယ်၊ စျေးဝယ်ထွက်မလို့.. နောက်ပြီး သူ့ကိုအမြဲကူညီပေးပြီး ခဏခဏမုန့်ဝယ်ကျွေး၊ ထမင်းဝယ်ကျွေးတဲ့ သူ့နတ်ဘုရားကို ကျေးဇူးတင်တဲ့အနေနဲ့ထမင်းတစ်နပ်လောက်ဖိတ်ကျွေးမယ်ပေါ့။

အခုတော့ကောင်းရော သူများကိုဖိတ်ကျွေးဖို့မပြောနဲ့ ကိုယ်တောင်ငတ်နေပြီ။

စိတ်ဓာတ်ကျစွာနဲ့ လင်ရွယ်ကျီအိပ်ရာထဲကတောင်မထချင်တော့ဘူး။ အဲ့အချိန် နံပတ်စိမ်းနဲ့ ဖုန်းမြည်လာတာကြောင့်လင်ရွယ်ကျီစိတ်မပါစွာကိုင်လိုက်တယ်။

" ဟယ်လို "

" ရွယ်ကျီ "

" ဘယ်သူပါလဲ "

" မင်းကိုယ့်ဖုန်းနံပတ်နဲ့ ကိုယ့်အသံကိုတောင်မမှတ်မိတော့ဘူးပေါ့ "

ရင်းနှီးနေတဲ့အသံကြောင့် လင်ရွယ်ကျီကသူ့ဖုန်းနံပတ်ကိုသေချာပြန်ကြည့်လိုက်တယ်။ ကြည့်ပြီးတာနဲ့ သူ့ရဲ့ ကျနေတဲ့စိတ်ဓာတ်က အစွန်းကုန်ထိထိုးဆင်းသွားတယ်။ သူဒီအချိန်မှာ ဒီလူတွေနဲ့အရည်မရအဖတ်မရမပြောနေချင်ဘူး။

" ဘာကိစ္စရှိလို့လဲ "

" မင်း ညက ဗိုလ်ချုပ်ကြီးကိစ္စနဲ့ပက်သတ်ပြီး မစ္စတာမုနဲ့ စကားများလို့ဆို "

* လာပြန်ပြီ ဒီခွားမသေး လင်ချောင်မိန် *

" အဲ့တော့ "

" မင်းအဲ့လူနဲ့အရမ်းရင်းနှီးတာပဲလား "

" ခင်ဗျားလည်းမိတ်ဆက်ခိုင်းချင်လို့လား "

" ကိုယ်ကဘာလို့မိတ်ဆက်ခိုင်းရမှာလဲ၊ ကိုယ်နဲ့သူရဲ့အခြေနေက တန်းတူမရှိရင်တောင် ကိုယ်ကသူ့ထက်လျှော့မနေဘူး "

" အဲ့တာဆို ဘာကိစ္စနဲ့ဖုန်းဆက်တာလဲ "

တဖက်က မုထုံအန်းက လင်ရွယ်ကျီရဲ့အိပ်ချင်မူးတူးအသံလေးကိုကြားပြီးသူ့ရင်ထဲယားယံနေသလိုခံစားရတယ်။ သူကလင်ရွယ်ကျီကိုအရင်ဆက်သွယ်ဖို့စိတ်ကူးမရှိပေမယ့် လင်ရွယ်ကျီကတခြားတစ်ယောက်ဆီပါသွားတော့မယ့်အရေးကိုလည်းစိုးရိမ်နေသေးတယ် ဘယ်လိုဖြစ်ဖြစ် သူလင်ရွယ်ကျီကိုမကြိုက်ရင်တောင် သူ့အနားမှာရှိနေစေချင်သေးတယ်လေ။

The villain is my boyfriendWhere stories live. Discover now