Chapter - 17 🚨

8.1K 674 162
                                    

                        > Unicode <

လင်ရွယ်ကျီအတွက် အဆောင်မှာနေတဲ့ရက်တွေဟာ တစ်နေ့နဲ့တစ်နေ့ ဘာမှပြောင်းလဲမှု့မရှိဘဲအဆင်ပြေပြေရှိ​နေပြီး ပျော်ရွင်နေခဲ့တယ်။ တစ်ခုတော့ရှိတယ် အဲ့တာက သူ့လူကြီးဆီလွမ်းတိုင်း ပြေးမသွားနိုင်တာကလွဲရင်ပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ အဆင်မပြေတဲ့ရက်တစ်ချို့လည်းရှိနေပါတယ်လေ..အဲ့ဒါက...။

" ရွယ်ကျီ ကိုယ်ဒီမှာထိုင်မယ်နော် "

" ... "

ဒီဇာတ်လိုက်ကောင်ကြောင့်လေ!။ သူကျောင်းအဆောင်မှာလာနေတာသိသွားကတည်းက မုထုံအန်းကအရမ်းပျော်နေသလိုပဲ။ တစ်ခါတစ်လေကျရင်ကျောင်းကန်တင်းမှာ ချောင်မိန်နဲ့အတူနေ့လည်စာ လာစားတယ်။ လာစားတဲ့အချိန်တိုင်း မုထုံအန်းက လင်ရွယ်ကျီရှိတဲ့နေရာကိုပဲရွေးပြီးလာထိုင်တတ်တယ်။ မုထုံအန်း ဒီလိုတွေလုပ်နေပေမယ့် တဖက်က လင်ချောင်မိန်ကိုလည်း ဂရုစိုက်ပြနေတုန်းပဲ။

ဒီလူဘာဖြစ်ချင်နေတာလဲ သူတွေးလို့မရဘူး။

မုထုံအန်းက တစ်ခါတလေမှ ကျောင်းကန်တင်းဆီလာစားတယ်ဆိုပေမယ့် လင်ရွယ်ကျီကနေ့တိုင်းစားနေတဲ့အတွက် မုထုံအန်းလာစားတဲ့ရက်ဆို ဆုံ ကို ဆုံဖြစ်နေတယ်လေ။

စားပွဲမှာထိုင်နေတဲ့ လင်ရွယ်ကျီသူငယ်ချင်းနှစ်ယောက်က ဒီအခြေနေကိုရင်းနှီးပြီးသားဖြစ်လို့ မုထုံအန်းကို ပြုံးပြနှုတ်ဆက်လိုက်တယ်။

မုထုံအန်း က သူတို့သူငယ်ချင်းရွယ်ကျီလေးကိုပက်ပက်စက်စက်အသဲခွဲသွားတဲ့လူဖြစ်နေပေမယ့်လည်း သူက မုထုံအန်း ဖြစ်နေတာကြောင့် ရှန်းယွီနဲ့ မော့ချင်းက ကောင်းမွန်စွာဆက်ဆံနေရတုန်းပဲ။ နံဘေးက လင်ချောင်မိန်ကိုတော့...ထားလိုက်ပါ။ သူက မြေခွေးပဲ။

မုထုံအန်းသူ့ရှေ့မျက်နှာချင်းဆိုင်တည့်တည့်မှာထမင်းစားနေတဲ့ လင်ရွယ်ကျီကိုငေးကြည့်နေမိတယ်။ လင်ရွယ်ကျီရဲ့အသားရေလှပမှု့ကတစ်နေ့တခြားပိုပိုကောင်းလာပြီး နေရောင်ခြည်နုနုလေးတောင်​ဖောက်မြင်နိုင်လောက်အောင်ကြည်လင်နေခဲ့တယ်။ သူ့ရဲ့နားအနောက်ဘက်က မှဲ့နီနီလေးက ဖြူဖွေးတဲ့အသားအရေပေါ်မှာ ထင်း နေခဲ့ပြီး တစ်ခါတလေ သူစကားပြောရင်း စွေကြည့်တတ်တဲ့မျက်စောင်းလေးကလည်းလှပလွန်းတယ်။

The villain is my boyfriendWhere stories live. Discover now