Chapter - 7

5.1K 620 57
                                    

                         > Unicode <

နောက်တစ်နေ့မနက် လင်ရွယ်ကျီ အိပ်ရာနိုးလို့ပြင်ဆင်ပြီးအောက်ထပ်ဆင်းသွားတော့ လင်ရွယ်ကျီကသူ့အဖေခေါ်ပြီးမေးမြန်းတာကိုခံလိုက်ရတယ်။

" ရွယ်ကျီ မင်းနဲ့ဗိုလ်ချုပ်ကြီးရဲ့ဆက်ဆံရေးက? "

" ကျွန်တော်နဲ့သူကသာမာန်မိတ်ဆွေတွေပါ ဘာဆက်ဆံရေးမှမရှိပါဘူး "

လင်ဝေ့ကသူပြောတာကိုနည်းနည်းလေးတောင်မယုံဘူး။ မနေ့ညက လင်ရွယ်ကျီနဲ့ဗိုလ်ချုပ်ကြီးရဲ့ဆက်ဆံရေးက ရိုးရိုးအသိမိတ်ဆွေထက်ပိုတယ်ဆိုတာမျက်လုံးပါတဲ့လူတို့သိတယ်။ နောက်ပြီး လင်ရွယ်ကျီအပေါ်မှာ ဗိုလ်ချုပ်ကြီးဆက်ဆံပုံကိုကြည့်ပြီးတခြားအိမ်တော်ကလူတွေက လင်ဝေ့ကိုမေးခွန်းထုတ်ကြသလို သူတို့က လင်ရွယ်ကျီနဲ့ဗိုလ်ချုပ်ကြီးဘာပက်သတ်မှု့လည်းမသိသေးတာတောင် လင်ဝေ့အတွက်အခွင့်ရေးတွေဇွတ်ပေးချင်နေကြတယ်။

လင့်ဝေ့ က သူ့ရှေ့မှာမထုံတတေးနဲ့လင်ရွယ်ကျီကိုကြည့်ပြီးစိတ်မရှည်ဘူး။

" မင်းသူနဲ့သိတာအစောကြီးကတည်းကဘာလို့မပြောတာလဲ ဗိုလ်ချုပ်ကြီးလိုလူမျိုးကငါတို့လင်အိမ်တော်နဲ့ဆက်ဆံရေးတစ်ခုရှိနေတယ်ဆိုတာတခြားလူတွေသိရင်ဘယ်လောက်ကောင်းလိုက်မလဲ "

" သူကဗိုလ်ချုပ်ကြီးဆိုတာ​တောင်ကျွန်တော်မနေ့ညကမှသိတာ "

" ကောင်းပြီ မင်းအခုသိသွားပြီဆိုတော့ တရက်လောက် မင်းသူ့ကိုထမင်းစားဖိတ်ပြီး ငါတို့နဲ့မိတ်ဆက်ပေးလိုက် "

" သူကြိုက်မှာမဟုတ်ဘူး "

" မင်းကငါတို့ကိုသူနဲ့မိတ်ဆက်မပေးချင်တာလား! ရွယ်ကျီမင်းကိုငါဒီလောက်စကားကောင်းကောင်းပြောနေတာကိုအခွင့်ရေးမယူနဲ့ "

ဒီမနက်က လင်ရွယ်ကျီအတွက်တော့စိတ်ပျက်စရာနေ့တစ်နေ့ပဲ။ လင်ဝေ့ရဲ့အဆင့်အတန်းကတခြားအိမ်တော်တွေနဲ့ယှဥ်လိုက်ရင်အမြင့်ကြီးမှာမဟုတ်ရင်တောင်နိမ့်ကြမနေဘူး အဲ့တာကိုမလုံလောက်ပဲ ဘာလို့အဲ့လောက်လောဘကြီးနေရတာလည်းနားမလည်ဘူး။ လင်ရွယ်ကျီကတော့သူတို့ရဲ့လောဘကို ကျောက်ဇီရှန်စိတ်ရှုတ်အောင်လုပ်ပြီးလောင်စာမထည့်ပေးနိုင်ဘူး။

The villain is my boyfriendWhere stories live. Discover now