Chapter - 15

5.4K 675 48
                                    

                      > Unicode <

နောက်တစ်နေ့မနက်မှာ လင်ရွယ်ကျီက အရင်လိုပဲအတန်းပြန်တတ်ရတော့မှာဆိုတော့ အစောကြီးထ၍ပြင်ဆင်ကာ ကျောက်ဇီရှန်နဲ့အတူမနက်စာစားပြီးနောက် ထွက်လာခဲ့သည်။

မနေ့ကပိတ်ရက်မှာ သူတို့နှစ်ယောက်လုံးအပြင်ထွက်မလည်ခဲ့ကြသော်လည်း သူတို့နှစ်ယောက်အတူရှိ​နေတဲ့အချိန်တွေက ပျော်စရာကောင်းနေတုန်းပဲ။ လိချန် က လင်အိမ်တော်မှာရှိတဲ့ လင်ရွယ်ကျီရဲ့ကျောင်းလွယ်အိတ်ကိုသွားယူပေးခဲ့တာကြောင့် လင်ရွယ်ကျီရဲ့အချိန်ကုန်ခြင်းက အကြွေးပေးရမယ့်စာတွေလုပ်နေတာနဲ့အဆင်ပြေနေခဲ့တယ်။

ကျောက်ဇီရှန်က လင်ရွယ်ကျီနဲ့အတူ ဘေးမှာအတူတူရှိနေပြီး သူ့ကုမ္ပဏီရဲ့အရေးကြီးအလုပ်ကိစ္စတွေကို သူ့အနားမှာနေပြီးလုပ်နေခဲ့တယ်။ သူတို့နှစ်ယောက်က ကိုယ့်တာဝန်ကိုယ်လုပ်နေသော်လည်း ချစ်ခြင်းအငွေ့သက်များရှိနေပြီးလေထုကနွေးထွေးနေခဲ့တယ်။

ညအိပ်ချိန်ရောက်တဲ့အခါမှာ လင်ရွယ်ကျီကကျောက်ဇီရှန်ရဲ့တောင်းဆိုမှု့ကြောင့် သီးသန့်အခန်းခွဲအိပ်တာမျိုးမလုပ်တော့ဘဲ ကျောက်ဇီရှန် နဲ့အတူအိပ်တယ်။ ကျောက်ဇီရှန်ကအိပ်ချိန်ရောက်တဲ့အထိ သူမျက်နှာကမျက်နှာဖုံးကိုဖြုတ်ထားခြင်းမရှိပဲ ထိုအတိုင်းသာအိပ်ပြီး မနက်နိုးလာတဲ့အချိန်မှာ ထိုလူကအရင်နိုးနေတတ်သည်။

ကျောင်းရှေ့ရောက်တဲ့အခါ လင်ရွယ်ကျီကလွယ်အိတ်ကိုယူကာ နှုတ်ဆက်လိုက်တယ်။

" ကျွန်တော်သွားပြီနော် "

" ခဏလေး "

ကျောက်ဇီရှန်က သူ့ပိုက်ဆံအိတ်ထဲက ကတ်တစ်ခုကိုထုတ်ကာ လင်ရွယ်ကျီကိုပေးလာတယ်။

" Black Card?"

" အင်း၊ ကုဒ်နံပတ်က မင်းလေး မွေးနေ့ "

" ဘာလို့ကျွန်တော့်ကိုပေးတာလဲ "

အူတူတူလေးနဲ့ကြည့်ကာမေးလာတဲ့ ရွယ်ကျီကိုကျောက်ဇီရှန်ကြည့်နေတယ်။ ဒီကောင်လေးကသူ့ကြောင့်လင်ဝေ့ဆီက ကတ်အပိတ်ခံရတာနဲ့ပက်သတ်ပြီးပြောဖို့အစီစဥ်မရှိဘူးဆိုတာသူသိတယ်။

The villain is my boyfriendWhere stories live. Discover now