Chapter - 20

4.9K 523 17
                                    

                       > Unicode <

ဟောင်ဝမ်အိမ်တော်။

ဟောင်ဝမ်အပြင်ကပြန်လာပြီးအိမ်ထဲကိုခြေချလိုက်ပြီဆိုတာနဲ့အပေါ်ထပ်မှာဝုန်းဒိုင်းကျဲနေတဲ့အသံတွေဆူညံစွာထွက်ပေါ်လာတာကိုကြားလိုက်ရသည်။ သူ့အနေနဲ့ ဒါက တစ်ခါတရံကြားနေကြဖြစ်ပြီး အဲ့တာကမထူးဆန်းတော့ချေ။

ဟောင်ဝမ်အပေါ်ထပ်ဆီကိုတတ်သွားပြီး အခန်းထဲသို့ဝင်သွားခဲ့တယ်။ ကြမ်းပြင်မှာကျကွဲနေတဲ့ဆေးခွက်နဲ့ အစေခံကိုကောက်ပေါက်ထားတဲ့ ပစ္စည်းတစ်ချို့အပြင် ကြမ်းပြင်မှာသွေးတွေအိုင်ထွန်းနေကာ အစေခံကကြောက်လန့်ပြီးခေါင်းမဖော်ရဲချေ အခြေအနေတွေက ရှုတ်ထွေးစွာနဲ့ ​ဖြစ်ပျက်နေကြသည်။

" ထွက်သွားတော့ "

အစေခံကချက်ချင်းပဲ သူ့အသက်ရှင်ဖို့မြန်မြန်ထွက်ပြေးသွားတော့သည်။ ဟောင်ဝမ်က ကြမ်းပြင်ပေါ်မှာကျနေတဲ့ ဖုန်းအကွဲကိုယူပြီး စားပွဲပေါ်တင်လိုက်တယ်။

" အကိုကြီး ဘာလို့အဲ့လောက်စိတ်တိုနေတာလဲ "

" ဟောင်ဝမ် မင်းအခုထိအဲ့ခွေးကောင်ကိုငါ့အတွက်လက်စားမချေပေးဘူးလား မင်းအကိုတစ်ယောက်လုံးသုံးစားမရအောင်လုပ်ထားတဲ့ကောင်ကို မင်းအခုထိလွတ်ထားတာလားကွ ဟမ်! ! "

" ဟူးး "

ဝှီးချဲလ်ပေါ်မှာထိုင်နေတဲ့အသက်ကြီးကြီးလူတစ်​ယောက်က သူ့လက်တွေမှာ အမာရွတ်အကြီးကြီးတို့ရှိနေတဲ့အပြင် တစ်ချို့လက်ချောင်းတွေကပြတ်ထွက်ကာမရှိချေ။ ကြောက်စရာကောင်းပြီး မြင်မကောင်းတဲ့ဒဏ်ရာတွေရှိနေပြီး သူမျက်နှာကလည်းအလွန်ဆိုးရွားနေခဲ့သည်။

ဟောင်ဝမ်က သူ့အကိုကြီးကိုကြည့်ပြီး ကျောက်ဇီရှန်လုပ်ခဲ့တဲ့အရာတွေအတွက်ဒေါသတွေတောက်လောင်လာခဲ့သည်။ သူ့အတွက်လမ်းတွေအကုန်ပျက်စေတဲ့အပြင် သူ့အကိုကြီးရဲ့ဘဝကိုခုလိုလုပ်ခဲ့တဲ့ကျောက်ဇီရှန်ကို ဟောင်ဝမ်အမြဲလက်စားချေချင်ခဲ့တယ် အဲ့လိုဖြစ်အောင်လည်းသူအမြဲကြိုးစားတယ်။

" အကိုကြီးမင်းစိတ်မပူနဲ့ ငါအဲ့ကောင်ဘဝကိုတစ်စစီဖြစ်အောင်လက်စားပြန်ချေပေးမယ် "

The villain is my boyfriendWhere stories live. Discover now