Chapter - 11

5.4K 664 79
                                    

                        > Unicode <

လင်ရွယ်ကျီနိုးလာတဲ့အချိန်မှာ အချိန်အားဖြင့် ညနေစောင်းနေခဲ့ပြီ..နောက်ပြီး သူရှိနေတာက မရင်းနှီးတဲ့အခန်းတစ်ခုရဲ့အိပ်ရာပေါ်ရောက်နေမှန်းသိလိုက်ရသည်။ အိပ်ခန်းကျယ်ကြီးထဲတွင် မှန်ပြတင်းပေါက်မှလွဲ၍ လင်ရွယ်ကျီရှိနေတဲ့ မွေ့ယာကြီးအပါအဝင် အသုံးအဆောင်အများစုဟာ အနက်ရောင်များသာဖြစ်ကြပြီး အိပ်ယာ နဲ့ဘေးတိုက်မှာ မှန်ခြားထားသော ရေချိုးခန်းတစ်ခုရှိနေပြီး အဲ့တာက တွေးကြည့်ယုံနဲ့တင် ရေချိုးဖို့ရှက်လောက်စရာပင်။ တောက်ပလင်းထိန်နေသော စျေးမနည်းသော မီးဆိုင်းအကြီးကြီးက ဒီအခန်းရဲ့နေရာလပ်မကျန် လင်းထင်းစေသည်။

ဘာဖြစ်သွားမှန်းမတွေးနိုင်ခင်မှာ လင်ရွယ်ကျီ သူ့နှုတ်ခမ်းထောင့်ကနာကျင်မှု့ကိုခံစားလိုက်ရတယ်။ ဖြစ်ပျက်ခဲ့သမျှကိုပြန်စဥ်းစားပြီးနောက် လင်ရွယ်ကျီမျက်နှာလေးနီရဲသွားလျှက် ရှက်ပြုံးလေးပြုံးကာ သူ့ရဲ့ပေါက်သွားတဲ့နှုတ်ခမ်းထောင့်လေးကိုလက်နဲ့ထိကာ ပြုံးနေခဲ့သည်။

စိတ်ဆိုးနေတဲ့ကျောက်ဇီရှန်ကသူ့ကိုအတင်းနမ်းနေတဲ့အချိန်မှာ သူ့အနားမှာ ​ပြင်းရှရှအရက်နံ့လိုလိုရလိုက်တာကြောင့် လင်ရွယ်ကျီက ကျောက်ဇီရှန် မူးနေလို့အခုလိုလုပ်မိတာများလားလို့တွေးနေခဲ့မိသည်။

ဘာအတွက်ကြောင့် ထိုလူကြီးစိတ်ဆိုးသွားမှန်းမသိပေမယ့် လင်ရွယ်ကျီက သူ့ကိုအခုလိုအကြမ်းပတမ်းနမ်းတာနဲ့ပက်သတ်ပြီး ထိုလူကြီးအပေါ် စိတ်ဆိုးနိုင်ခြင်းမရှိတာသိလိုက်တယ်။

လင်ရွင်ကျီအတွေးများနေတုန်း အခန်းတံခါးပွင့်လာတာကြောင့် ကြည့်လိုက်တော့ ဝှီးချဲလ်ပေါ်ထိုင်နေတဲ့ ကျောက်ဇီရှန်က တံခါးဝမှာသူ့ကိုကြည့်နေခဲ့သည်။ ကျောက်ဇီရှန်မျက်လုံးထဲမှာ အနည်းငယ်စိုးရိမ်နေခဲ့ပြီး တဖက်အိပ်ရာပေါ်မှာထိုင်နေတဲ့ လူဆီသွားဖို့အနည်းငယ်တွန့်ဆုတ်နေခဲ့တယ်။ နောက်ဆုံးမှာသူ လင်ရွယ်ကျီအနားကိုရွှေ့သွားခဲ့သည်။

" နိုးပြီလား "

အရင်တုန်းကလို သူ့ကိုတွေ့တာနဲ့ပြုံးပြနေကြ ထိုကလေးလေး အခုတော့ သူ့ကိုတွေ့တာတောင်ပြုံးမပြခဲ့ဘူး။ ကျောက်ဇီရှန် နှလုံးသားထဲခါးသက်သွားပေမယ့် သူတတ်နိုင်တာဘာမှမရှိဘူး။ သူစတင်ပြီးကတည်းက နောက်လှည့်ဖို့မစဥ်းစားထားဘူး။ အဲ့တာက ဒီကလေးလေးရဲ့'အမုန်းပင်' ဆိုရင်တောင် သူက အဲ့'အမုန်းပင်'လေးကို သူ့အနားမှာထားပြီး ရေလောင်းပျိုးထောင်ပေးဖို့အသင့်ပဲ။

The villain is my boyfriendWhere stories live. Discover now