Chapter - 5

4.6K 605 23
                                    

                       > Unicode <

လင်ရွယ်ကျီအိမ်ရောက်တော့ ဧည့်ခန်းမှာ ယုမိန် နဲ့ အပြင်ကပြန်လာတာမကြာသေးတဲ့ ချောင်မိန်တို့မတ်တတ်ရပ်ပြီးစကားပြောနေကြတယ်။

" ချောင်ချောင် အပေါ်တတ်အဝတ်စားပြင်ဆင်ရအောင် ခဏနေရင် မင်းအဖေပြန်လာတော့မှာ "

" ဟုတ်ကဲ့အမေ၊ အဖေနဲ့အတူ အကိုမု လည်း လာလိမ့်မယ် "

" ကောင်းတာပေါ့ ဒါဆိုမြန်မြန်ပြင်ဆင်ကြရအောင်"

သူတို့ကတမင်​ကြား​အောင်ပြောနေပေမယ့်လင်ရွယ်ကျီဂရုမစိုက်ပဲအပေါ်ထပ်ကိုသွားလိုက်တယ်။ သူကဒီညပွဲအတွက် ဘာစိတ်လှုပ်ရှားမှု့မှမရှိဘူး ဘာပဲဖြစ်ဖြစ် နှစ်နာရီလောက်ပဲသွားရမှာလေ ပြီးတော့ အရမ်းပျင်းစရာကောင်းနေလောက်တယ်။ အချိန်ကလည်းမစောတော့ဘူးမို့ လင်ရွယ်ကျီ ရေမိုးချိုးကာ ပြင်ဆင်တော့သည်။

လင်ဝေ့က ဒီနေ့ရုံးကနေစောစောပြန်လာပြီး ပါတီပွဲသွားရန်နည်းနည်းလောနေတယ်။ ဒီပါတီပွဲက ဖန်းလူကြီးမင်းရဲ့မွေးနေ့ဆိုပေမယ့် ရောက်လာမယ့်လူတွေကတော့ တကယ့်အကောင်ကြီးကြီးတွေချည်းပဲလေ။ အဲ့ထဲမှာ လူတိုင်းတွေ့ဖူးချင်နေကြတဲ့ ဗိုလ်ချုပ်ကြီးကိုယ်တိုင်လည်းရှိနေမှာမို့ ဒီအခွင့်အရေးကိုဘယ်လိုလူမျိုးမဆိုစိတ်လှုပ်ရှားမှာပဲ။အဲ့တာကြောင့် လင်ဝေ့က သူ့မိသားစုရဲ့ဂုဏ်ကိုတတ်စေရန် သူ့မိန်းမ ယုမိန် ကအစ အကောင်းဆုံးအဝတ်အစားလက်ဝတ်ရတနာတို့ကိုဝတ်ဆင်ခိုင်းသည်။

ခြောက်နာရီထိုးခါနီးမှာ မုထုံအန်းကားက ဆင်ဝင်အောက်မှာကားရပ်လာတယ်။ လင်ဝေ့တို့အားလုံးက ပြင်ဆင်ပြီး မုထုံအန်းကိုစောင့်နေတာဆိုတော့ လင်ချောင်မိန်က မုထုံအန်း ရောက်လာတာနဲ့ မျက်နှာလေးပြုံးရွင်ကာ သွားကြိုလိုက်တယ်။

" အကိုမု လာပြီလား "

အနက်ရောင်ပွဲတတ်စတိုင်ပန်ဝတ်စုံအပြည့်နှင့် ချောင်မိန်ဟာ လိုက်ဖက်စွာနဲ့လှပလို့နေသည်။ ရွှေဝါရောင်ဆံပင်တို့ကိုခပ်ဝဲဝဲလေးဖြစ်နေစေပြီး သူ့ရဲ့အပြုံးနဲ့ယှဥ်တွဲလိုက်တဲ့အခါ မုထုံအန်းမျက်နှာပေါ်မှာစိတ်ကျေနပ်စေတဲ့အပြုံးတစ်ခုဖြစ်ပေါ်ကာ ချောင်မိန်လက်ကိုကိုင်လိုက်တယ်။

The villain is my boyfriendDonde viven las historias. Descúbrelo ahora