Chapter - 10

5.5K 704 85
                                    

                      > Unicode <

" အကိုရွယ်ကျီ "

လှည့်ကြည့်လိုက်တော့ လင်ချောင်မိန်နဲ့ မုထုံအန်းဖြစ်နေသည်။ သူတို့ဘေးမှာဝန်ထမ်းတစ်ယောက်ပါနေတာကြောင့် ကြည့်ရတာသူတို့လည်း နေ့လည်စာစားဖို့လာတာထင်တယ်။ ဆိုးလိုက်တဲ့ ကံ ။

မုထုံအန်းက လင်ရွယ်ကျီကိုကျောက်ဇီရှန်နဲ့အတူတွေ့လိုက်ရတော့ အံသြသွားသလို စိတ်ထဲခံပြင်းသွားရသည်။ သူနဲ့အတူနေ့လည်စာသွားစားဖို့ခေါ်တော့ခါးခါးသီးသီးနဲ့ငြင်းတဲ့လူက ဒီမှာကြတော့ ရောက်လာတယ်လေ။

ကျောက်ဇီရှန် က မုထုံအန်းနဲ့ လင်ချောင်မိန်ကိုကြည့်ပြီး သူ့မျက်နှာမှာခက်ထန်သွားပြီးသူ့ဘေးမှာရပ်နေတဲ့ လင်ရွယ်ကျီကိုကြည့်လိုက်တယ်၊ လင်ရွယ်ကျီက မုထုံအန်းကိုကြည့်နေတာတွေ့တော့ ကျောက်ဇီရှန်လက်သီးတင်းတင်းဆုတ်ပြီးမျက်လုံးတွေမဲမှောင်လို့သွားသည်။

မုထုံအန်းက ကျောက်ဇီရှန် ကိုတွေ့တာနဲ့ လူမူ့ရေးအရနှုတ်ဆက်လိုက်တယ်။ သူတို့ချင်းကမသိတဲ့အသိုင်းဝိုင်းကမှမဟုတ်တာလေ။

" တွေ့ရတာဝမ်းသာပါတယ် ဗိုလ်ချုပ်ကြီး "

တဖက်ကနှုတ်ဆက်တာကို ကျောက်ဇီရှန်က ပြန်မနှုတ်ဆက်ချင်ပေမယ့် လင်ရွယ်ကျီရှေ့မှာဆိုတော့ သူ့ရဲ့ပုံစံကိုထိန်းသိမ်းရဦးမယ်။

" ဥက္ကဌကျောက်လို့ခေါ်ရင်ရပြီ "

" ကောင်းပါပြီ "

ချောင်မိန်က ဗိုလ်ချုပ်ကြီးကိုအနီးကပ်မမြင်ဖူးဘူး ဒါပေမယ့် သူကတိုက်ရိုက်သွားမနှုတ်ဆက်ပဲ ခေါင်းတစ်ချက်ငြိမ့်ပြရုံမျှသာနှုတ်ဆက်လိုက်ပြီး ရှက်ရွံပြီးနူးညံ့တဲ့အမှုယာလေးနဲ့ သူ့အိမ်သား လင်ရွယ်ကျီကိုသာအာရုံထားလိုက်တယ်။

" တိုက်ဆိုင်လိုက်တာ အကိုလည်းဒီမှာနေ့လည်စာလာစားတာလား "

" ဟုတ်တယ် "

" အဲ့တာများအကိုအိမ်မှာတည်းက ကျွန်တော်တို့အတူတူထွက်လာလို့ရရဲ့သားနဲ့ "

အဲ့လိုပြောတော့ လင်ရွယ်ကျီက သူ့ကိုမျက်နှာသေနဲ့ကြည့်ပြီး။

The villain is my boyfriendOnde as histórias ganham vida. Descobre agora