Chapter - 14

5.8K 722 70
                                    

> Unicode <

နောက်တစ်နေ့မနက်မှာ လင်ရွယ်ကျီအိပ်ရာကနိုးလာတဲ့အချိန်မှာ သူ့နံဘေးနေရာကို လက်နဲ့လိုက်လျှောက်စမ်းကြည့်တော့ထိုလူကြီးမရှိတော့ပေ၊ အေးနေတဲ့အိပ်ယာကိုကြည့်ခြင်းအားဖြင့်ထိုလူကြီး အိပ်ယာထသွားတာကြာလောက်မည်ဖြစ်သည်။

သူလည်းဆက်မအိပ်ချင်တော့တာကြောင့် အိပ်ယာပေါ်ထထိုင်ကာ အခန်းပတ်လည်ကိုကြည့်လိုက်တယ်။ အိပ်ခန်းထဲမှာရှိတဲ့အနက်​ရောင်လိုက်ကာတွေပိတ်ထားဆဲဖြစ်တာကြောင့် အပြင်ဘက်ဆီကအလင်းရောင်ကအိပ်ခန်းအတွင်းသို့မတိုးပေါက်နိုင်ပေ။ အိပ်ယာနံဘေးက စားပွဲမှာတင်ထားတဲ့ မီးအိမ်တစ်ခုသာလင်းလို့နေသည်။ နွေးထွေးလှတဲ့အိပ်ယာအကျယ်ကြီးပေါ်မှာ လင်ရွယ်ကျီဘယ်လောက်အိပ်ပျော်သွားလဲကိုယ်တိုင်ပင်မသိတော့ဘူး။

မနေ့ညက ထိုလူကြီးနဲ့အတူလုပ်ခဲ့မိတဲ့ကိစ္စတစ်ခုကိုတွေးကြည့်မိတော့ လင်ရွယ်ကျီမျက်နှာရှက်ရဲသွားပြီး သူ့လက်တွေနဲ့အုပ်ထားမိလိုက်သည်။ ဘယ်လိုကနေ သူတို့နှစ်ယောက်ကအဲ့အ​ြခြနေထိရောက်သွားလဲမသိပေမယ့် အခုပြန်တွေးကြည့်ရင် သူထိုလူကြီးကိုဘယ်လိုမျက်နှာချင်းဆိုင်ရမလဲတောင်မသိတော့ဘူး။

* မစဥ်းစားနဲ့၊ အဲ့အကြောင်းမတွေးနဲ့၊ လက်ရှိကိုပဲတွေးရအောင်ဟုတ်ပြီလား *

သူ့ကိုယ်သူအားပေးကာ ရှက်စိတ်ကိုဖုံးကွယ်နေမိသည်။

" ဘယ်အချိန်ရှိပြီလဲ "

ဒီနေ့ လင်ရွယ်ကျီကအတန်းပိတ်ရက်တစ်ရက်ကျန်နေသေးတာကြောင့် သူ့အနေနဲ့လုပ်စရာမရှိပေ။ သို့ပေမယ့် ဒီနေ့က သူနဲ့ ကျောက်ဇီရှန်ရဲ့ တရားဝင်ချစ်သူဖြစ်တဲ့နေ့မို့ အမှတ်တရဖြစ်အောင်ကျောက်ဇီရှန်ကိုတစ်ခုခုလုပ်ကျွေးမယ်လို့စဥ်းစားလိုက်တယ်။ လင်ရွယ်ကျီထိုင်ရာမှထပြီး အပြင်ဘက်ဆီသွားဖို့ဖိနပ်စီးနေချိန်မှာ အခန်းတံခါးဖွင့်သံနဲ့အတူ ကျောက်ဇီရှန်ဝင်လာခဲ့သည်။

" နိုးပြီလား ကလေးလေး "

ပြောရင်းနဲ့ လင်ရွယ်ကျီအနားသို့ရွှေ့လာတဲ့ ကျောက်ဇီရှန်က အနက်ရောင်စတိုင်ပန်ရှပ်ဝတ်စုံနှင့် ခန့်ငြားမှု့အ​ပြည့်နဲ့အလွန်ကြည့်ကောင်းနေသည်။ သူ့ကြည့်ရတာအရာအားလုံးပုံမှန်အတိုင်းပင် သူ့ရဲ့တကိုယ်ရေကိစ္စအဝဝနဲ့ပြင်ဆင်မှု့တွေတောင်ပြီးနေပြီဖြစ်သည်။ ဒီနေ့ရဲ့ မျက်နှာဖုံးဟာ ငွေရောင်နဲ့အနက်ရောရောစပ်ထားတာကြောင့် ကျောက်ဇီရှန်ရဲ့အေးစက်တဲ့မျက်နှာနဲ့အလွန်လိုက်ဖက်ညီလှသည်။

The villain is my boyfriendWhere stories live. Discover now