Chapter - 24

7.5K 590 111
                                    

                     ( Unicode )

7:50 PM

A ခရိုင်မြို့ရဲ့အကြီးကျယ်ဆုံးနှင့်အခမ်းနားဆုံးသော ဟိုတယ်ကြီးတွင် ပြုလုပ်သော ဗိုလ်မူးကြီးဟောင်ဝမ်၏ ရာထူးတိုးအကြိုဂုဏ်ပြုပွဲသည် လွန်စွာမှာခမ်းနားထည်ဝါလှသည်။ လက်ရှိ စစ်တပ်ဘက်မှာတော့ ဟောင်ဝမ်၏အာဏာ ကအရေးပါအရာရောက်သည်မို့ အိမ်တော်တိုင်းရဲ့ကြွရောက်ချီးမြင့်မှု့က များပြားလှသည်။

5 Star ဟိုတယ်ကြီးထက်တောင် အဆင့်မြင့်မားမှု့ရှိပြီး အထပ်များစွာရှိတဲ့ ဟိုတယ်အဆောက်အဦးရဲ့အကျယ်အဝန်းဟာ ရာနဲ့ချီတဲ့လူဦးရေပင်ဆန့်တာကြောင့် ကြွရောက်လာတဲ့ ဧည်သည်တွေအတွက် လွတ်လပ်စွာသွားလာလှုပ်ရှားလို့အဆင်ပြေ​စေသည်။ ဒါ့အပြင် အလျှံအပယ်ပြင်ဆင်ထားသော သောက်စရာများနှင့်စားသောက်ဖွယ်ရာများအပြင် ဝိတ်တာတွေမှအစ အားလုံးလိုလေသေးမရှိတာကြောင့် ဒီညအတွက် ဟောင်ဝမ်ရဲ့ဧည့်ခံမှု့ကို ဧည့်သည်များကကျေနပ်နေခဲ့သည်။

အိမ်တော်တိုင်းရဲ့ စီးပွားရေးသမားတွေဟာလည်း ဟောင်ဝမ်ရဲ့ထောက်ခံမှု့ကိုရယူရန်အတွင် မျက်နှာလိုအားရ..မြှောက်ပင့်ပြောဆိုနေခဲ့သည်။ ပြင်ဆင်ထားတဲ့အစားအသောက်နှင့်ပျော်ပါးဖို့အပြင် တခြားသောထူး​ခြားတဲ့အကြိုက်ရှိတဲ့ဧည့်သည်များအတွက်လည်းသီးသန့်ဖျော်ဖြေခန်းတွေပါထားရှိတယ်။

ဥပမာပြောရရင် လူကြီးအကြိုက် လူ Sex toy ?

ယခုတွင် ပွဲထဲသို့ကြော့မော့စွာဝင်လာသော
လင်ဝေ့ က ဝိုင်ခွက်ကိုင်ထားပြီးသူ့အဆင့်အတန်းကိုဖော်ကြူးစေကာ သူ့နံဘေးက ယုမိန်ကတော့ လင်ဝေ့လက်မောင်းကိုချိတ်လျှက် အဆင့်အတန်းမြင့်တဲ့အမျိုးသမီးတစ်ယောက်အနေနှင့် ရှန်ပိန်ခွက်ကိုကိုင်ကာ သူ့နှုတ်ခမ်းတွေကပြုံးယောင်ယောင်လေးဖြစ်နေခဲ့တယ်။ သူတို့နောက်တွင် မုထုံအန်းနဲ့ လင်ချောင်မိန်တို့ရှိနေပြီး သူတို့အတွဲကလူအများရဲ့စိတ်ဝင်စားခြင်းခံနေရသည်။

လင်အိမ်တော်၏ ဟွားဖန် ကုမ္ပဏီသည် အခြေခိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး Omega တွေအဖိုးတန်တဲ့ဒီကမ္ဘာတွင် လင်ချောင်မိန်လို Omega သားတစ်ယောက်ရှိနေတာကြောင့် သူ့အောင်မြင်မှု့နဲ့ လင်အိမ်တော်ရဲ့တန်ဖိုးက တခြားအိမ်တော်တွေထပ်လုံးဝနိမ့်ကျမနေပေ။ ဒါ့အပြင် အခုလက်ရှိ လင်ဝေ့ရဲ့သားအကြီးလင်ရွယ်ကျီဆိုတဲ့တစ်ယောက်ကလည်း AOB ပြောင်းလဲမှု့မရှိပေမယ့် အများကြောက်ရွံ့လေးစားကြရတဲ့ ဗိုလ်ချုပ်ကြီးကျောက်ဇီရှန်နဲ့ပြောပြလို့မရတဲ့ဆက်ဆံရေးတစ်ခုရှိနေတာကြောင့်၊ တခြားသော စီးပွားရေးလုပ်ငန်းရှင်တွေက လင်ဝေ့ကိုအားကျယုံမှတခြားမတတ်နိုင်ပေ။

You've reached the end of published parts.

⏰ Last updated: May 03 ⏰

Add this story to your Library to get notified about new parts!

The villain is my boyfriendWhere stories live. Discover now