Chapter - 3

5.2K 708 73
                                    

                       > Unicode  <

ကောင်းဒု အိမ်ရာဗီလာ။

လူသူကင်းမဲ့သောပက်ဝန်းကျင်မှာ တောင်တန်းတွေဝန်းရံလို့ထားပြီး သစ်ပင်သစ်ရိပ်တို့အလျှိုလျှိုပေါက်နေသော ဤတောင်ရဲ့အလည်တွင်
နန်းတော်တမျှကြီးကျယ်ခမ်းနားလှသော အနက်နှင့်ရွှေရောင်ပေါင်းစပ်၍တည်ဆောက်ထားသော ဗီလာကြီးတစ်ခုတည်ရှိသည်။ ထိုမျှကြီးကျယ်ခမ်းနားသောအိမ်တော်ကြီးရဲ့အရှင်သခင်ဟာ တစ်မိုးအောက်တစ်ယောက်သာရှိသော ကျောက်ဇီရှန် ဖြစ်သည်။

ငယ်စဥ်ကတည်းက မိဘတွေရဲ့စွန့်ပြစ်ခြင်းခံခဲ့ရသူ.. လမ်းဘေးမှာပဲခက်ခဲကြမ်းတမ်းစွာကြီးပြင်းလာခဲ့ရသူ၊ ခက်ခဲကြမ်းတမ်းပါတယ်ဆိုသောလောကကြီးရဲ့ရှိရှိသမျှဘေးဒုက္ခတွေကို အသက်အရွယ်နဲ့မလိုက် ရင်ဆိုင်ကျော်ဖြတ်ရင်း ဘဝရဲ့အောင်မြင်မှု့ကိုခက်ခက်ခဲခဲရခဲ့သော သူတစ်ယောက်။

ကျောက်ဇီရှန်သည် Dominant Alpha တစ်ယောက်ဖြစ်ပြီး အခုနှစ်မှာ သူ့အသက် 30 ပြည့်ခဲ့ပြီ၊ အရပ်အားဖြင့် 6'4 ရှိပြီး ခန္ဓာကိုယ်ကြီးမားပြီးတောင့်ဖြောင့်တဲ့အရပ်အမောင်းတို့ပိုင်ဆိုင်လို့ထားသည်။

ညှာတာမှု့မရှိတဲ့လောကကြီးမှာခက်ခဲစွာကျင်လည်ခဲ့ရတဲ့သူတစ်ယောက်အနေနဲ့ ကျောက်ဇီရှန်ရဲ့စရိုက်ကအေးစက်ပြီး သူ့လုပ်ရက်တိုင်းကအကြင်နာတရားကင်းမဲ့စေတယ်။ ဒါ့အပြင် Dominant Alpha တစ်ယောက်ဖြစ်သော်ငြားလည်း ကျောက်ဇီရှန်ဟာ ဘယ်တုန်းကမှ သူ့အတွက် Omega တစ်ယောက်လိုအပ်မနေခဲ့ပေ။ ကျောက်ဇီရှန်ဆိုတဲ့လူဟာ အလွန်ပင်အသန့်အပြန့်ကြိုက်သူတစ်ယောက်ဖြစ်ပြီး
လူတွေနဲ့ထိတွေ့ဆက်ဆံဖို့တောင်မနှစ်မြို့တတ်သူဖြစ်သည်။

Dominant Alpha တစ်ယောက်ဖြစ်တဲ့ကျောက်ဇီရှန်သည် ပုံမှန်ဟော်မုန်းတွေထပ်ပိုသော ဖိနှိပ်တဲ့စိတ်ဟော်မုန်းတွေပိုင်ဆိုင်ထားတာကြောင့် သူ့ကိုယ်ပိုင်အရှိန်အဝါကလူတွေကိုသူ့အနားမကပ်စေဖို့သတိပေးနေသယောင်ခံစားရသည်။ ကောက်ကျစ်စဥ်းလဲတဲ့သူတစ်ချို့ဟာ သူ့အိပ်ရာပေါ်ကို အပေါစားအိုမီဂါတွေနှင့်မြူဆွယ်လာသော်ငြားလည်း အားလုံးကိုဖယ်ရှားပြစ်ခဲ့သည်။

The villain is my boyfriendWhere stories live. Discover now