Chapter - 4

5.3K 733 74
                                    

                       > Unicode <

မနက်ခင်းအိပ်ခန်းတစ်ခုကတော့ နာရီနှိုးစက်အလန်းမြည်သံနဲ့စတင်သည်။ ဒီရက်ပိုင်း လက်ရွယ်ကျီရဲ့နေ့ရက်တွေကထူးခြားမှု့မရှိဘူး၊ သူကျောင်းသွားတယ်၊ပြန်လာတယ် အိပ်တယ် စာလုပ်တယ် ဒီလိုနဲ့လည်ပတ်နေတာလေ။ လင်ရွယ်ကျီ နာရီနှိုးစက်အသံကြောင့်နိုးလာပြီး နှိုးစက်ကိုပိတ်ကာ အိပ်ရာပေါ်ကအပျင်းကြောဆန့်လိုက်တယ်..ပြီးတာနဲ့ အိပ်ရာပေါ်ကထပြီး ရေချိုးသန့်စင်ကာ ဗီဒိုထဲကအဝတ်စားထုတ်ပြီး ပြင်ဆင်ပြီးသွားပြီ။

ဒီနေ့ ကျောင်းမှာ သူ့အတန်းက မနက်ခင်းတစ်ချိန်ပဲရှိတာကြောင့် လင်ရွယ်ကျီနောက်ကျလို့မရပေ အဲ့ဒါကြောင့် ဒီနေ့ပုံမှန်ထက်စောစောထလိုက်သည်။

ဒီရက်ပိုင်းနည်းနည်းပိုအေးလာတာသတိထားမိတာကြောင့် ဒီနေ့လင်ရွယ်ကျီကတီရှပ်လက်ရှည်တစ်ထည်ဝတ်ပြီး အပေါ်တွင် သိုးမွှေးဆွယ်တာခေါင်းစွပ်ကိုဝတ်လိုက်ပြီး အဖြူရောင်စတိုင်ပင်ဘောင်းဘီရှည်တို့ကိုဝတ်ဆင်လိုက်သည်။

လင်ရွယ်ကျီဝတ်တဲ့ သိုးမွှေးဆွယ်တာအရောင်က အဖြူရောင်ဖြစ်ပေမယ့် ခေါင်းစွပ်ကတော့အနီရောင်ရဲရဲလေးဖြစ်ပြီး ဆွယ်တာလက်ရှည်ရဲ့လက်အနားကွတ်မှာအနီရောင်လေးဖြစ်သည်။ လင်ရွယ်ကျီရဲ့လှပတဲ့မျက်နှာလေးက ခေါင်းစွပ်နီနီလေးနဲ့တွဲဖက်ကာကြည့်ပြီးနောက်မှာ အလွန်ချစ်ဖို့ကောင်းနေသည်။

အပြင်ဘက်မှာလိုရမယ်ရအဖြစ်အပိုအနေနဲ့ သူ့ကျောလွယ်အိတ်ထဲမှာလည်း အဖြူရောင် သိုးမွေးမာဖလာကိုထပ်ထည့်လိုက်ပြီး အမွေးပွပွနားအုပ်အစွပ်လေးပါထည့်လာလေတယ်။ ဒါ့အပြင် လက်အိတ်ကတော့မပါမဖြစ်ပေါ့။

သူ့ပစ္စည်းတွေစုံလင်အောင်ထည့်နေတုန်းအပြင်ဘက်ဆီကတံခါးခေါက်သံကြားလိုက်ရသည်။

ဒေါက်.. ဒေါက်..။

" သခင်လေးရှင့် သခင်ကြီးကနိုးရင်ဆင်းလာခဲ့ဖို့ပြောခိုင်းလိုက်ပါတယ် "

* ကျစ်.. ဘာတွေဆွယ်တရားဟောဦးမလဲမသိဘူး *

" သိပြီ "

တဖက်ကိုပြန်ဖြေပြီးနောက် လင်ရွယ်ကျီလွယ်အိတ်ယူကာထွက်လာခဲ့သည်။ အောက်ထပ်ထမင်းစားခန်းထဲတွင် လင်ဝေ့ ကော်ဖီသောက်ရင်း ယုမိန်နဲ့စကားပြောရင်း တစ်ချက်တစ်ချက် ချောင်မိန်ကိုပြုံးကာချိုသာစွာစကားပြောနေသေးသည်။

The villain is my boyfriendحيث تعيش القصص. اكتشف الآن