Chapter - 6

5.6K 697 97
                                    

                        > Unicode <

ကျယ်ဝန်းလှတဲ့ပါတီပွဲကနည်းနည်းစိတ်ရှုတ်ဖို့ကောင်းနေခဲ့တယ်။

ပါတီပွဲရဲ့တစ်နေရာမှာတော့ လင်ရွယ်ကျီက နေ့လည်စာ ဟိုလူကြီး တို့နဲ့စားပြီးကတည်းက ဘာမှထပ်မစားရသေးတာကြောင့်ဗိုက်နည်းနည်းဆာသလိုရှိလာတယ်။ မွေးနေ့ရှင်ဖန်းလူကြီးမင်းက လာရောက်တဲ့ဧည့်သည်တွေအတွက်အစားအသောက်နဲ့ပက်သတ်ပြီးလိုလေသေးမရှိပြင်ဆင်ထားပေးတာကြောင့် မနီးမဝေးမှာ စားသောက်စရာများက အလျှံအပယ်ပြင်ဆင်ထားပေးပေမယ့် လင်ရွယ်ကျီမစားချင်ဘူးဖြစ်နေသည်။

ဝိတ်တာတွေဗန်းထဲမှာရှိတဲ့ဖျော်ရည်တွေက လင်ရွယ်ကျီမကြိုက်တာတွေမို့ ရေဗူးသေးတစ်ဗူးကိုသာယူပြီးလျှောက်ကြည့်နေလိုက်သည်။ ထိုစဥ် နိုင်ငံခြားသားစတိုင်နဲ့လူတစ်ယောက်က လင်ရွယ်ကျီအနားသို့ရောက်လာသည်။

" မင်းက လင်အိမ်တော်က မစ္စတာလင်ဝေ့ရဲ့သားဟုတ်တယ်မလား? "

သူ့ကိုမိတ်ဆက်လာတဲ့ လူကိုကြည့်ပြီးနောက် လင်ရွယ်ကျီကအလိုက်သင့်စွာပြန်နှုတ်ဆက်လိုက်တယ်။

" ဟုတ်ပါတယ် ဒီက.."

" ကိုယ်က ကောင်းအိမ်တော်က ကိုယ် နာမည်က ကောင်းကျီ တွေ့ရတာဝမ်းသာပါတယ် "

" ဟုတ်ကဲ့ ကျွန်တော့်နာမည် လင်ရွယ်ကျီပါ တွေ့ရတာဝမ်းသာပါတယ် "

ကောင်းကျီက လင်ရွယ်ကျီနဲ့လက်ဆွဲနှုတ်ဆက်ပြီး လှပလွန်းတဲ့ကြွေရုပ်လိုမျက်နှာလေးကိုကြည့်ပြီး သဘောကျနေသည်။

" မင်းတစ်ခုခုသောက်မလား ကိုယ်ယူပေးမယ် "

" နေပါစေ ကျွန်တော်အိမ်ကတစ်ခုခုစားလာတယ်၊ရေပဲသောက်တော့မယ် အဆင်ပြေပါတယ် "

" ဒီကိုလာပြီးမှ ရေပဲသောက်ပြီးပြန်သွားမယ်ဆို မွေးနေ့ရှင်လူကြီးမင်းက စိတ်မကောင်းဖြစ်သွားနိုင်တယ်နော် "

ဆွဲဆောင်မှု့ရှိစွာပြုံးပြီးပြောလာတဲ့ ကောင်းကျီကိုကြည့်ပြီး လင်ရွယ်ကျီစိတ်ထဲ ဒီလူက Play boy တစ်ယောက်ဖြစ်မယ်လို့တွက်ချက်လိုက်မိသည်။

ကောင်းကျီက လင်ရွယ်ကျီကိုစိတ်ဝင်စားမိတာအမှန်ပဲ သူက Beta ဖြစ်တာကြောင့် လင်အိမ်တော်ရဲ့ AOB မကွဲပြားတဲ့ လင်ရွယ်ကျီလိုရတနာအလှလေးကိုလက်လွတ်မခံချင်ဘူးလေ ခဏတာကစားဖို့အတွက်ဆိုရင်တောင်မှပေါ့။ ကောင်းကျီကသူ့လက်ထဲက ဝိုင်ဖြူကိုလှုပ်ရင်း လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲစတိုင်ကျစွာ လင်ရွယ်ကျီကိုစိုက်ကြည့်နေတယ်။

The villain is my boyfriendWhere stories live. Discover now