Chapter - 23 🚨

4.9K 488 30
                                    

                     (  Unicode )

" ကလေးလေး ကိုယ့်ဆီမလာပဲ ဘာရပ်လုပ်နေတာလဲ "

ပထမဦးဆုံးအကြိမ် ကျောက်ဇီရှန်ရဲ့အေးစက်တဲ့လေသံကိုကြားလိုက်ရတာ လင်ရွယ်ကျီကျောထဲတောင်စိမ့်တတ်သွားရသည်။ စိတ်လှုပ်ရှားမှု့ကြောင့်မထိန်းနိုင်ပဲ စိမ့်ထွက်လာတဲ့ မွှေးပြန့်တဲ့စံပယ်ရနံ့မွှေးမွှေးလေးက လင်ရွယ်ကျီကိုယ်ပေါ်မှ ထွက်လာခဲ့ပြီး။ ထိုရနံ့လေးကို မုထုံအန်းလည်းရခဲ့သည်။ တော်သေးတာကအဲ့အနံ့ကခဏတာသူ(မုထုံအန်း)ရလိုက်တာပဲ။

မွှေးပြန့်တဲ့ထိုရနံ့ကြောင့် မုထုံအန်းကမျက်မှောင်တစ်ချက်ကြုတ်ကာ လင်ရွယ်ကျီကိုကြည့်လိုက်ပေမယ့် 'ဒါကမဖြစ်နိုင်ဘူး'ဆိုတာသူသိသည်။

သို့သော်ငြားလည်း ကျောက်ဇီရှန်ဆီကိုနာခံစွာသွားလိုက်တဲ့ လင်ရွယ်ကျီကိုမြင်တော့ မုထုံအန်းခံစားချက်တွေကောင်းမနေခဲ့ပေ။ အခုနေမှာ ကျောက်ဇီရှန်သာဝင်မပါခဲ့ရင် သူနဲ့ ရွယ်ကျီနဲ့အဆင်ပြေနိုင်လောက်တယ်လို့သူထင်တယ်။

လင်ရွယ်ကျီသည် သူ့ချစ်သူရဲ့စိတ်ဆိုးနေတဲ့ပုံစံကြောင့်သူ့အားအထင်လွဲမည်စိုးကာ အရင်လက်ဦးမှု့ရယူဖို့ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် လင်ရွယ်ကျီသည် ကျောက်ဇီရှန်အနားသို့ခပ်မြန်မြန်လျှောက်သွားပြီး ကျောက်ဇီရှန်ရဲ့ဆန့်တန်းထားတဲ့လက်နှစ်ဖက်ကိုကျော်လွန်ကာ သူ့လက်တွေက ကျောက်ဇီရှန်လည်ပင်းဆီသို့သိုင်းဖက်ထားရင်း ကျောက်ဇီရှန်နှုတ်ခမ်းထူထူတို့ကိုဦးစွာနမ်းရှိုက်ပစ်လိုက်တော့သည်။

"..."

ခုနကထိ ဒေါသကြောင့်တင်းမာနေတဲ့စိတ်တွေသည် ချစ်ရသူရဲ့အနမ်းလေးကြောင့်အကုန်လွင့်ပါးကာ ကျောက်ဇီရှန်ရဲ့မလုံခြုံတဲ့စိတ်ကိုနွေးထွေးစေသည်။ သူချစ်ရတဲ့ကလေးလေးက သူ့နှုတ်ခမ်းတွေကိုဦးဆောင်ပြီးနမ်းတဲ့အပြင် အဲ့အနမ်းက သာမန်အနမ်းမျိုးမဟုတ်ပဲ ပြင်သစ်အနမ်းဖြစ်သည်။ နူးညံ့တဲ့နှုတ်ခမ်းလေးတစ်စုံက ကျောက်ဇီရှန်ရဲ့အောက်နှုတ်ခမ်းကိုစုပ်ယူကာ မက်မက်မောမောနမ်းရှိုက်နေခဲ့ခြင်းပင်။

The villain is my boyfriendWhere stories live. Discover now