Chapter - 13 🌚

7K 681 64
                                    

> Unicode <

" ကျွန်တော်ပြောတာ တကယ်လို့ တချိန်ကျရင် ဒီကမ္ဘာပေါ်မှာကျွန်တော်အတွက်အိမ်မရှိဘူးဆိုရင် လူကြီးကျွန်တော့်ကိုလိုချင်သေးလားဟင်? "

ကျောက်ဇီရှန်၏ လင်ရွယ်ကျီကိုဖွဖွပုတ်ပေးနေတဲ့လက်တွေကရပ်တန့်သွားပြီး တစ်စုံတရာစဥ်းစားလိုက်ရင်း ပြုံးလာသည်။ သူ့က လင်ရွယ်ကျီကိုဖက်ထားရာကခွာစေတော့ တဖက်လူက နည်းနည်းမှမလွတ်ပေ။

" ကျွန်တော့်ကိုမကြည့်နဲ့ ကျွန်တော်အခုရုပ်ဆိုးနေတယ် "

" ..ကောင်းပြီ "

သူ လင်ရွယ်ကျီကိုပြန်ဖက်ထားလိုက်ပြီးနောက်..လင်ရွယ်ကျီနားအနောက်မှာရှိတဲ့ မှဲ့အနီလေးကို နှုတ်ခမ်းဖျားလေးနဲ့နမ်းလိုက်ပြီး လည်တိုင်လေးဆီကမွေးပြန့်တဲ့ရေချို့နံ့သင်းသင်းလေးကိုရှုရှိုက်မိပါ၏။

" ကိုယ်ရှိနေတဲ့အရပ်က ကလေးလေးရဲ့အိမ်ပဲလေ၊ ကိုယ်က မင်းလေးလုံခြုံနွေးထွေးစေဖို့ဘာမဆို လိုတိုင်းတ ရစေမယ့်ရင်ခွင်အိမ်ကြီးဖြစ်ပေးမယ်၊ အဲ့တာကြောင့် ကိုယ့်အနားမှာပဲနေပါ "

" ..."

" အိမ် ပျောက်သွားမှာမကြောက်ပါနဲ့၊ ကိုယ်ကမင်းလေးပျောက်သွားမှာပဲကြောက်နေတာ၊ ပြီးတော့ အများကြီးမတွေးပါနဲ့၊ ကိုယ်ကမင်းလေးမပျော်ရွင်ဖြစ်နေတာမျိုးမြင်ရတာမကြိုက်ဘူး "

" အွန်း "

အချိန်အတော်ကြာချော့မော့ပြီးတဲ့အချိန်မှာ စိတ်အခြေနေကောင်းလာတဲ့ လင်ရွယ်ကျီကို ကျောက်ဇီရှန် ပွေ့ဖက်ထားဆဲပဲ။ ခဏကြာတော့ လင်ရွယ်ကျီက ကျောက်ဇီရှန် ကိုကြည့်လာတယ်။

အသံတိတ်လေးမျက်ရည်ကျခဲ့ပုံရတယ် လင်ရွယ်ကျီပါးပေါ်မှာ မျက်ရည်စနည်းနည်းစိုနေတုန်းပဲ။ ကျောက်ဇီရှန် ကဘာကြောင့်လဲမမေးခဲ့ဘူး၊ သူ့လက်နှစ်ဖက်က လင်ရွယ်ကျီမျက်နှာလေးကိုအုပ်ကိုင်ကာ ထိုမျက်ရည်စလေးတွေကိုအသာသုတ်ပေးလိုက်ပြီးနောက် နှဖူးလေးထပ်အနမ်းခြွေတယ်၊ ပါးပြင် ဘယ် နဲ့ ညာ ကိုလည်း နူးညံ့တဲ့အနမ်းတစ်ချက်စီပေးတယ်၊ နီရဲရဲ နှာခေါင်းလေးကိုလည်း ဖွဖွလေး နမ်းတယ်၊ အနမ်းတွေရဲ့အဆုံးသတ်က နှင်းဆီဖူးနှုတ်ခမ်းလေးဆီဦးတည်၏။ ကျောက်ဇီရှန် က ဒီတစ်ခါ နှုတ်ခမ်းလေးကိုအကြင်နာပေးရုံမျှသာအနမ်းခြွေလိုက်သည်။

The villain is my boyfriendWhere stories live. Discover now