Chapter - 16

5K 679 44
                                    

                      > Unicode <

အဲ့လိုနဲ့ နောက်တစ်နေ့မှာ လင်ရွယ်ကျီက ကျောက်ဇီရှန်အိမ်မှာနေစဥ်ဝယ်ပေးထားတဲ့ အဝတ်အစားနဲ့အသုံးအဆောင်တစ်ချို့ကို လိုလေသေးမရှိသယ်ဆောင်ပြီး ကျောင်းအဆောင်ကိုပြောင်းရွေ့ခဲ့တယ်။

အိမ်ပေါက်ဝထိလိုက်တဲ့ကျောက်ဇီရှန်ကို လင်ရွယ်ကျီက မသွားခင်မှာ သူ့ဆီစာပို့၊ ဖုန်းခေါ်ဖို့အတွက် အကြိမ်ကြိမ်သတိပေးပြီး သူဖုန်းခေါ်ရင်လည်း ကိုင်ရမယ်၊ စာလည်းပြန်ပို့ရမယ်လို့ ဂတိတောင်းကာထွက်လာခဲ့တော့တယ်။

ကျန်ခဲ့တဲ့ ကျောက်ဇီရှန်က ထွက်သွားတဲ့ကားလေးကိုကြည့်ပြီး သူ့ရင်ထဲခါးသက်ကာ သူ့လက်နှစ်ဖက်က သူ့ရဲ့ခြေထောက်တွေကိုဖြစ်ညစ်ထားပြီး အံကြိတ်ထားခဲ့တယ်။ လင်ရွယ်ကျီမြင်နေကြနွေးထွေးပြီးကြည့်ကောင်းတဲ့အပြုံးတို့ရှိနေတဲ့မျက်နှာက အခုတော့ ကြောက်စရာကောင်းပြီးအေးစက်တဲ့လေထုထဲမှာမှောင်မိုက်စွာရှိနေခဲ့သည်။

အရင်တုန်းက ကျောက်ဇီရှန်က ရွယ်ကျီလေးကိုယ်တိုင်သူ့ရဲ့ရုပ်ပိုင်းဆိုင်မှာချို့ယွင်းချက်ကိုလက်ခံနိုင်တာကြောင့် သူက ရွယ်ကျီလေးကိုသူ့အနားမှာပဲခေါ်ထားပြီးတစ်သက်လုံးစာအတွက်အပိုင်သိမ်းထားဖို့စဥ်းစားထားခဲ့တယ်။ ဒါပေမယ့် သိပ်လှတဲ့ရွယ်ကျီလေးကိုလှောင်အိမ်ထဲမှာပိတ်မထားသ၍ ဘယ်အချိန်ထွက်ပြေးပျောက်ကွယ်သွားမလဲဆိုပြီး သူ့ရဲ့စိုးရိမ်မှု့တွေကပိုမိုကြီးထွားလာခဲ့တယ်။ ဒါ့ကြောင့် သူ့ခြေထောက်တွေအမြန်ဆုံးပြန်ကောင်းမှဖြစ်မယ် ဒါမှ သူရွယ်ကျီလေးကိုသူ့အနားအမြန်ဆုံးပြန်ခေါ်ထားနိုင်မှာ။

ရွယ်ကျီလေး သူ့မျက်စိရှေ့မှာမရှိနေတဲ့ စက္ကန့်တိုင်း၊နာရီတိုင်းက သူ့အတွက် ငရဲကျနေသလိုပဲ ပူလောင်နေရတယ်။

" လိချွမ် "

" ဟုတ်ကဲ့ခေါင်းဆောင် "

" ရွယ်ကျီအနားမှာ လူလွတ်ပြီးစောင့်ရှောက်ခိုင်းထား၊ နောက်ပြီး သူ့ရဲ့နေ့စဥ်ဘဝကို စောင့်ကြည့်ခိုင်းပြီး ပြန်တင်ပြ "

" ဟုတ်ကဲ့ပါခေါင်းဆောင် "

" ဆရာဝန်တွေကိုခေါ်လိုက်တော့ "

The villain is my boyfriendWaar verhalen tot leven komen. Ontdek het nu