Chapter - 8

5.4K 674 59
                                    

> Unicode <

ကျောက်ဇီရှန်ရဲ့ ရှန်လင်းကုမ္ပဏီကြီးက ဒီခရိုင်တစ်ခုလုံးမှာအအောင်မြင်ဆုံးလုပ်ငန်းစုတစ်ခုဖြစ်သလို သူ့ဦးဆောင်မှု့အောက်မှာသူပိုင်ဆိုင်တဲ့ကုမ္ပဏီခွဲတွေအားလုံးကလည်းသူ့အောင်မြင်မှု့ထပ်မနိမ့်ကြပေ။ အဲ့တာကြောင့် စီးပွားရေးလောက က ရှယ်ယာရှင်တွေနဲ့ စစ်တပ်ကအထက်အကြီးကဲတွေအားလုံး ကျောက်ဇီရှန်နဲ့ပူးပေါင်းလိုကြသည်။ ကျောက်ဇီရှန် က ယခုမှာစီးပွားရေးလောကရဲ့ဘရင်တစ်ပါးဖြစ်​နေပြီး တစ်ချိန်က ဂုဏ်ထူးဆောင် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ခဲ့တာမို့ သူ့ရဲ့များစွာသောအဆက်သွယ်တွေနဲ့သူ့သစ္စာခံလူတွေတော်တော်များများရှိသည်။ အဲ့အချက်ကြောင့် ကျောက်ဇီရှန် အငြိမ်းစားယူသွားရင်တောင် သူ့ရဲ့ဂုဏ်အရှိန်ဝါကြီးမှု့ကအဆုံးမရှိပေ။ သူ့အားထိရဲသူမှာလည်း ဇာတ်သိမ်းမကောင်းပေ။

ကုမ္ပဏီရဲ့ဆင်ဝင်အောက်မှာကားရပ်လိုက်တာနဲ့ ရှန်လင်းကုမ္ပဏီရဲ့ဝန်ထမ်းတစ်ချို့က ကားပေါ်က ကျောက်ဇီရှန်နဲ့အတူဆင်းလာတဲ့ လင်ရွယ်ကျီကိုသိလိုစွာခိုးကြည့်နေကြတယ်။

မုကျားကုမ္ပဏီ နဲ့မတူစွာ ရှန်လင်းကုမ္ပဏီရဲ့အဆောက်အဦး၊ အပြင်အဆင်တွေနဲ့ ကုမ္ပဏီအထပ်တိုင်းရဲ့တည်ဆောက်ပုံကအလွန်စည်းစနစ်ကျပြီး လှပသေသပ်တယ်။

ဝှီးချဲနဲ့ထိုင်နေတဲ့ကျောက်ဇီရှန်သည် ဒီနေ့မနက်ကအစည်းဝေးခန်းထဲမှာလို မျက်နှာမှာအေးစက်မှု့မရှိပေမယ့်သူ့ရဲ့ရန်လိုတဲ့အရှိန်အဝါနဲ့အေးစက်မှု့ကတော့ လူတွေကိုကြောက်လန့်စေတုန်းပင်။ သို့သော် သူ့ဘေးညာဘက်မှာအလွန်နီးကပ်စွာနဲ့ရှိနေတဲ့ ခပ်ငယ်ငယ်ကောင်လေးကတော့ ကျောက်ဇီရှန် ရဲ့အရှိန်အဝါမသက်ရောက်သည့်အလား အေးဆေးပြီးသက်တောင့်သက်သာရှိစွာ ကုမ္ပဏီပတ်လည်ကိုစပ်စုတဲ့အကြည့်လေးတွေနဲ့လိုက်ကြည့်နေတယ်။

ကျောက်ဇီရှန်ရဲ့အေးစက်တဲ့အရှိန်အဝါနဲ့မတူတာက လင်ရွယ်ကျီကအရမ်းလှပြီးချစ်စရာကောင်းနေတာပဲ။ တက္ကသိုလ်ကျောင်းသားဆိုပေမယ့် လင်ရွယ်ကျီရဲ့ပုံစံလေးက အသက်မပြည့်သေးတဲ့ကျောင်းသားလေးနဲ့ပိုတူတယ်။

The villain is my boyfriendWhere stories live. Discover now