ရှင်းတမ်း + မှတ်ချက်

14.3K 580 42
                                    

                       > Unicode <

ဤဝတ္ထုတွင် AOB ဆိုသော လူအမျိုးအစား ၃ မျိုးရှိသည်။

A - Alpha

O - Omega

B - Beta

[ Alpha တွေသည် AOB အမျိုးအစားတွေထဲမှာ ခွန်အားကြီးမားသူဖြစ်ပြီး ကြီးစိုးနိုင်သူများဖြစ်သည်။]

[Beta တွေဟာ သာမန်လူများကဲ့သို့သာ..သူတို့သည် A နှင့် O ရဲ့ ဟော်မုန်းအနံ့ကိုမရနိုင်သလို Alpha သို့မဟုတ် Omega တွေရဲ့ ဟော်မုန်းလွှမ်းမိုးမှု့ကိုလည်းမသက်ရောက်နိုင်ပေ။ ထို့ကြောင့် သူတို့ရဲ့မိတ်ဖက်သည် Alpha လည်းဖြစ်နိုင်သလို Omega နဲ့လည်း လက်တွဲလို့ရသည်။]

[Omega တွေသည် AOB အမျိုးအစားတွေထဲမှာ အင်အားအနည်းဆုံးနှင့်နူးညံ့သိမ်မွေ့သော သဘောသဘာဝရှိကြသည်။ သို့ပေမယ့်လို့တစ်ချို့သော Omega များကတော့ စိတ်ဓာတ်မာကျောကြသည်။]

သို့သော် ထိုသို့သောအမျိုးအစား သုံးမျိုးအနက် သူမတူအောင် ကွဲပြားသော Alpha နှင့် Omega အမျိုးအစားလည်းရှိသည်။

အထူးနှင့်ပြောရရင် Alpha မှာမူ ရိုးရိုး Alpha နှင့် Dominant Alpha ဆိုသော အမျိုးအစားဖြစ်သည်။ သို့နှင့်အတူ Omega မှာလည်းပဲ ရိုးရိုး Omega နှင့် S+ ဆိုသော အမျိုးအစား ၂ မျိုးရှိသည်။

Dominant Alpha သည် အတွင်းအားပါဝါတွေရှိပြီး ရိုးရိုး Alpha များကိုပင် အသာလေး ဖိနှိပ်နိုင်စွမ်းရှိသည်။ ဒါ့အပြင် သူ့မိတ်ဖက်အပေါ်တွင်လည်း ကာကွယ်လိုစိတ် နှင့် အလွန့် အလွန်ပိုင်ဆိုင်လိုစိတ်ကြီးမားတာကြောင့် သူတို့ရဲ့ရာသီကာလအတွင်း အနားကပ်ရန်မဖြစ်နိုင်ပေ။

S+ Omega မှာမူ သာမာန် အိုမီဂါတွေနဲ့မတူကွဲပြားကာ မှတ်တမ်းတွေမှာသာဖော်ပြထားခြင်းခံရတဲ့ အယောက်တစ်သောင်းမှာ တစ်ယောက်သာဖြစ်နိုင်သော အရှားပါးဆုံးနှင့်အသန့်စင်ဆုံး အိုမီဂါလေးဖြစ်သည်။ S+ Omega တွေဟာ စကားနဲ့ပင်တင်စား၍မရနိုင်လောက်အောင် အရမ်းလှပပြီး ဆွဲဆောင်အားပြင်းတယ်၊ အထူးသဖြင့် ဟော်မုန်းအနံ့ နဲ့ပက်သတ်ပြီး ထိရှလွယ်တယ်၊ S+ Omega ရဲ့အားသာချက်ကတော့ S+Omega မွေးတဲ့ကလေးသည် ရှားပါးအင်အားကြီးသော Alpha ဖြစ်နိုင်သလို မိခင်လိုပင် S+ Omega  ဖြစ်နိုင်ချေအများဆုံးဖြစ်သည်။ Beta ဖြစ်နိုင်ချေ အရမ်းနည်းပါးသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင်ရှိသော အမျိုးမျိုးသော Alpha များအပါဝင် ဧကရာဇ် သည်ပင်ထိုသို့သော Omega အားတွေ့လျှင်လက်လွတ်မခံချင်ကြချေ။ တွေ့ရန်လည်း ဖြစ်နိုင်ချေနည်းပါသည်။

The villain is my boyfriendWhere stories live. Discover now