Chapter - 19

6.8K 712 71
                                    

                       > Unicode <

လူသူကင်းမဲ့တဲ့ပြီးဂျောင်ကျတဲ့လမ်းချိုးတစ်နေရာတွင် အိုဟောင်းနေသောအိမ်ငယ်လေးတစ်လုံးရှိနေခဲ့သည်။ မြို့ပြလူနေမှု့ထူထပ်တဲ့နေရာလိုမျိုးတည်ရှိသော ကမ္ဘာပေါ်မှာ ထိုသို့သော အကျဥ်းတန်တဲ့အိမ်အိုကြီးဟာ သိမ်ငယ်စွာနှင့်တည်ရှိနေခဲ့ပြီး ပြန်စရာအိမ်မရှိတဲ့တစ်စုံတစ်ယောက်အတွက်တော့ နားခိုရာနေရာတစ်ခုဖြစ်ခဲ့သည်။

သို့သော် ထိုအိမ်အိုအိမ်ဟောင်းကြီးနှင့် ပက်ဝန်းကျင်မကောင်းတဲ့ ဒီနေရာနဲ့မလိုက်ဖက်စွာ လှပပြီးသန့်ရှင်းတဲ့အရာလေးက တောက်ပစွာပျော်မြူးနေခဲ့သည်။

" ကိုကိုရေ...ညီညီဆီ လာယေ "

သာယာတဲ့အသံစာစာလေးက သာယာနာပျော်ဖွယ်အတိ၊ ပြုံးရယ်ပြနေသော အသက် ၄ နှစ်အရွယ်ကလေးလေးက ချစ်စဖွယ်အတိပါပင်။

၁၄ နှစ်အရွယ် ကျောက်ဇီရှန်က ထိုကလေးလေးနောက်လိုက်ပြီး နှုတ်ခမ်းတွေကကွေးညွှတ်ကာ ပြုံးနေခဲ့သည်။

" မပြေးရဘူးလေ ချော်လဲမယ် "

" လဲပါဝူး ကိုကိုရဲ့ "

၄ နှစ်အရွယ်ထိုကလေးလေးက ကျောက်ဇီရှန်ရှေ့မှာရပ်နေခဲ့ပြီး အလွန့် အလွန်ချစ်ဖို့ကောင်းစွာပြုံးပြရင်း သူ့လက်လေးတွေကိုဆန့်ပေးကာ ချီခိုင်းနေသည်။

" ကိုကို ချီ.."

" အခုမပြေးတော့ဘူးပေါ့လေ ကလေးဆိုးလေး "

" ညီညီက ကလေးဆိုး.. ဟုတ်ဘူး "

ပွေ့ချီလိုက်ရင်းစနောက်လိုက်တော့ နှုတ်ခမ်းလေးဆူကာ စိတ်ကောက်တဲ့ ထိုကလေးလေးက အသည်းယားစရာ။ ဖြူဖြူဖွေးဖွေးလေးနဲ့ လက်မောင်းလေးတွေကအိစက်ပြီး ထိရက်စရာမရှိတဲ့ ထိုကလေးလေး၊ တောက်ပတဲ့မျက်ဝန်းလေးတွေနဲ့ လှပပြီးချစ်စဖွယ်အပြုံးလေးတွေက လူတိုင်းမချစ်ပဲမနေနိုင်အောင်ပင်။

ဘာကြောင့် သူ့အားဒီလောက်ခင်တွယ်နေလဲမသိပေမယ့် ကြမ်းတမ်းတဲ့သူနဲ့တော့ မအပ်စက်ပါ။

" ကလေးဆိုးလေးမဖြစ်ချင်ရင် ကိုကို့ စကားနားထောင်ရမယ်လေ "

" ဟွန့် ညီညီစိတ်ကောက် .. ဟွန့် "

The villain is my boyfriendWhere stories live. Discover now