Part Three (Unicode)

4.5K 526 225
                                    

Madam Taylorရဲ့မီးဖိုခန်းလေးထဲမှာ Harryဟာဟင်းသီးဟင်းရွက်တွေကို ရေဆေးပေးရင်း Madam Taylorဟင်းချက်ရာတွင် ကူညီပေးနေသည်။အမြဲအနားမှာ ရှိနေတတ်သည့် Zellaကတော့ အလုပ်ရှိတယ်ဆိုပြီး ခဏပြန်သွားသည်။Harry အခက်အခဲကြုံရင် လှမ်းခေါ်လိုက်လို့ရကြောင်းလည်း မှာသွားသည်။

"Harry....ညနေကလာသွားတဲ့ လူငယ်လေးနဲ့ သားကပတ်သက်မှုရှိနေတာလား?"

"ဗျာ!!!"

ရေဆေးနေရာကနေ မော့ကြည့်မိတော့ သူ့ကိုစိုးရိမ်မျက်ဝန်းတွေနဲ့ ကြည့်နေသည့် Madam Taylor။ဟင်းသီးဟင်းရွက်တွေကို ဘေစင်ထဲကထုတ်လိုက်ရင်း စားပွဲပေါ်ကိုတင်လိုက်ပြီးမှ Harryထပ်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ...Madam Taylor?"

"ဘာရယ်မဟုတ်ပါဘူး။သားမျက်နှာကြည့်ရတာ စိတ်ပူပင်နေတဲ့ မျက်နှာဖြစ်ပြီး ခဏခဏသက်ပြင်းတွေချနေလို့။ညနေကလူငယ်လေးကြောင့်များလားလို့ပါ။"

"ဟုတ်တယ်...Madam Taylor။ကျွန်တော် စိတ်တွေရှုပ်နေတယ်။ဘာလုပ်ရမှန်းလည်း မသိဘူး။"

Harryရဲ့စကားကြောင့် Madam Taylorက Harryပခုံးလေးကို အသာပုတ်ပေးရင်း

"သား...Harry။Madamနဲ့သားက သိတာမကြာသေးပေမဲ့ သားကိုMadamက တကယ့်သားအရင်းလို ချစ်တာပါ။သားရင်ဖွင့်ချင်ရင် Madamဆီမှာ ဖွင့်လို့ရတယ်။တစ်ခါတစ်လေ ရင်ထဲမှာပဲမျိုသိပ်ထားရတာ များလာခဲ့ရင် သားပဲပိုပြီးစိတ်ပင်ပန်းရမှာ။သားတကယ်လို့ မမျိုသိပ်နိုင်တော့ရင် Madamကိုရင်ဖွင့်လို့ရတယ်နော်။"

နွေးထွေးစွာပြုံးပြရင်း ပြောလာသည့် Madam Taylorကို Harryပြန်သာပြုံးပြလိုက်သည်။သ်ု့ပေမဲ့ သူ့ရဲ့အဖြစ်အပျက်တွေကို ရင်ဖွင့်ဖို့ Harryမှာသတ္တိမရှိသေးပါ။တစ်နေ့နေ့မှာတော့ Madam Taylorကို သူအကုန်ဖွင့်ပြောနိုင်မည်လို့ သူတွေးထားမိသည်။အဲ့ဒီ့နေ့က ဒီနေ့တော့မဟုတ်သေးချေ။

"ဟုတ်ကဲ့။ဒါနဲ့ ကျွန်တော်က ကျောင်းပြန်တက်တော့မှာဆိုတော့ Madamကို ပန်းဆိုင်မှာကူလုပ်မပေးနိုင်တော့ဘူး။Cafeက အချိန်ပိုင်းကို ညနေပိုင်းပြောင်းလိုက်ရလို့။ဒါကြောင့် Cafeကနေပြန်ရောက်ရင် Madamမနက်ရောင်းရအောင် ပန်းစည်းတွေကူစည်းပေးမယ်နော်။အားနာလိုက်တာ။"

My Rival Becomes My Husband Where stories live. Discover now