Part Sixteen (Unicode)

3.9K 386 76
                                    

တန်ဖိုးကြီးလွန်းလှသည့် ပစ္စည်းတွေနှင့်သာတည်ဆောက်ထားသည့် ရေချိုးခန်းကျယ်ကြီးထဲရှိ ရေပန်းအောက်တွင် Malfoyသခင်လေးသည် ငြိမ်သက်စွာရပ်လျက် အတွေးနယ်ချဲ့နေပုံပေါ်သည်။ ရေပန်းကရေတွေသည် သခင်လေးရဲ့ကျစ်လစ်ပြီးသန်မာလွန်းလှသည့် ခန္ဓာကိုယ်တစ်လျှောက်ကို စီးကျနေသည်ဖြစ်၍ တကယ့်ကိုဆွဲဆောင်အားပြင်းလှသည့် မြင်ကွင်းတစ်ခုဆိုလည်း မမှားချေ။

Malfoyသခင်လေးသည် မျက်လုံးတွေကိုမှိတ်ထားပြီး နံရံပေါ်လက်ထောက်ကာ ရေပန်းအောက်မှာ ငြိမ်သက်လျက်ရပ်နေသည်မှာ မိနစ်အနည်းငယ်ကြာနေပြီဖြစ်သော်လည်း အတွေးနွံထဲနစ်နေသည်ဖြစ်၍ ထိုအတိုင်းသာရပ်မြဲရပ်နေလေသည်။

Dracoတစ်ယောက် သူ့ရဲ့အပြုအမူတွေကို ပြန်တွေးကြည့်နေသည်။ Theodore Nottဆီကနေ Potterကို Clubမှာတွေ့ခဲ့တယ်လို့ကြားလိုက်တဲ့တစ်ခဏမှာ Dracoရဲ့စိတ်တွေ ထိန်းမနိုင်တဲ့အထိကိုဖြစ်သွားခဲ့သည်။ စိတ်တိုလွန်းလို့ Potterကိုနာကျင်အောင် ကြမ်းကြမ်းတမ်းတမ်းနှိပ်စက်ပြီး အတူအိပ်ပစ်မည်လို့ ဆုံးဖြတ်ခဲ့ပေမဲ့လည်း နောက်ဆုံးတော့ Dracoမလုပ်နိုင်ခဲ့ချေ။

အရင်ကဆို Dracoကဘယ်လိုပဲလုပ်လုပ် စကားတစ်စက်မှမပြောပဲ ကြိတ်ခံတတ်ပြီး ဘာမှလည်းပြန်မတုန့်ပြန်တတ်သူ Potterက အခုတော့အတင်းကိုရုန်းကန်နေပြီး မလုက်ပါနဲ့ဆိုသည့်စကားကို ထပ်ခါထပ်ခါရေရွတ်နေခဲ့ရုံသာမက အသံသေးသေးလေးကလည်း တောင်းပန်တိုးလျှိုးနေသည့်ပုံစံပေါက်နေခဲ့သည်။ Potterရဲ့ဒီလိုပုံစံကြောင့် Dracoဆက်ပြီးရှေ့ဆက်မတိုးနိုင်ခဲ့ချေ။

ဒါကြောင့် အကြမ်းပတမ်းနှင့် လည်ပင်းကိုကိုက်ခဲနေတာတွေကို ရပ်လိုက်ပြီး နူးနူးညံ့ညံ့နမ်းပေးလိုက်တော့ အရင်ကDracoလုပ်သမျှကို အသေကောင်လို ငြိမ်ခံနေတတ်သည့်အကျင့်နှင့်ဆန့်ကျင့်စွာ Dracoရဲ့ဆံပင်တွေကိုအသာထိုးဖွလာပြီး ဘာလိုအခုလိုလုပ်နေရသလဲဆိုသည့်မေးခွန်းကို လေသံအေးအေးလေးဖြင့် မေးခဲ့သည့် Potterကြောင့် Dracoမှာပိုပြီးအံ့သြခဲ့ရုံသာမက ဒေါသတွေသည်လည်းလျော့ပါးသွားရသည့်အထိပင်။

Dracoလည်း ဒေါသထွက်နေသည့်လေသံကို နည်းနည်းလျှော့လိုက်ပြီး Clubကိုဘာကြောင့် ရောက်နေရသလဲလို့မေးလိုက်တော့ Potterကပေါ့ပေါ့ပါးပါးနှင့်သာ Clubရောက်နေသည့်အကြောင်းအရင်းကို သေချာရှင်းပြလာသည်။ စိတ်မချရင် Dracoကို့ပါလိုက်ခဲ့ဆိုပြီးပြောလာသည့် Potterရဲ့မျက်နှာသည် လိမ်နေသည့်ပုံစံ လုံးဝမပေါ်တာကြောင့် Dracoလည်းယုံကြည်ပေးဖို့ဆုံးဖြတ်ခဲ့လိုက်သည်။ ဒီလိုနဲ့ ကြီးကြီးမားမားဖြစ်တော့မည့် ရန်ပွဲဟာ အေးအေးချမ်းချမ်းနှင့် ပြီးဆုံးသွားခဲ့တော့သည်။

My Rival Becomes My Husband Where stories live. Discover now