Part Thirty-One (Unicode)

2.7K 283 59
                                    


"ကျွီ!!! ဂျိမ်း!!!"

သံမဏိတံခါးမကြီးကို အားဖြင့်ဖွင့်ဟလိုက်၍ တံခါးနှင့် မြေအောက်ခန်းနံရံတို့ အရှိန်ပြင်းစွာ ရိုက်ခတ်သွားသည့် အသံအကျယ်ကြီးကြောင့် သူရှိနေတဲ့ မြေအောက်ခန်းမှာ တုန်တက်သွားသည်။

သူ့ကိုစစ်မေးကြမည့်လူများ ဟုထင်ကာ မှိတ်ချထားသည့် မျက်ဝန်းတွေကို ဖွင့်ဟဖို့ သူမကြိုးစားတော့။ တစ်ကိုယ်လုံးနာကျင်နေ၍ ခပ်ငြိမ်ငြိမ်လေးပဲနေလိုက်ကာ အနားယူနေလိုက်သည်။ သူငြိမ်နေလို့လည်း အလွန်ဆုံး ပါးရိုက်ခံရရုံသာရှိ၍ Dracoသည် ထွေထူးမနေတော့ပဲ ခေါင်းကိုငိုက်စိုက်ချထားပြီး ငြိမ်သက်နေလိုက်သည်။

ခြေသံဖွဖွက သူ့ရဲ့ရှေ့သို့လျှောက်လာကြောင်း စူးရှသည့်အကြားအာရုံအရ သိနေပေမဲ့လည်း မျက်လုံးဖွင့်လိုက်လျှင် ရှုံ့တွနေသည့် Naginiဆိုသည့် မိန်းမရဲ့မျက်နှာကိုသာ မြင်ရမှာဖြစ်တာကြောင့် သတိမေ့နေသည့်ပုံစံသာ ဟန်ဆောင်နေလိုက်သည်။

သို့ပေမဲ့ နူးညံ့သည့် လက်တစ်ဖက်က သူ့ရဲ့ပါးပြင်ကို ခပ်ဖွဖွအုပ်ကိုင်လာသလို ဆို့နင့်ကြေကွဲပုံပေါက်နေပေမဲ့ သူလုံးဝမေ့မရသည့် အသံလေးကို ကြားလိုက်ရသည့်အခါတွင်တော့ သူ့တစ်ကိုယ်လုံးက အာရုံကြောတွေသည် တုန့်ဆိုင်းနေရာမှ နှိုးကြွလာတော့သည်။

"Malfoy...ဘယ်လိုဖြစ်ပြီး...ဘယ်လိုဖြစ်ပြီး ဒီလောက်တောင်...ဘုရားရေ..မင်းနာနေတယ်မလား?"

Dracoလည်း ထိုအသံလေးကြောင့် မှိတ်ချထားသည့် မျက်ဝန်းတွေကို ဖွင့်ကြည့်မိတော့ သူ့အားစိုးရိမ်စွာ စိုက်ကြည့်နေသည့် မျက်ဝန်းစိမ်းတစ်စုံနှင့် တိုးသည်။ မျက်မှန်မတပ်ထား၍ ကြည်လင်နေသည့် မျက်ဝန်းစိမ်းတို့မှ အရည်လဲ့နေပြီး စိုးရိမ်မှုတွေ အထင်းသား။

"ဟက်..ငါ..သေခါနီး ကယောင်ခြောက်ခြားတွေ ဖြစ်နေတာပဲ။ Potterက ဒီကို ဘယ်လိုလာနိုင်မှာလဲ?! ပြီးတော့ မျက်မှန်လည်း မတပ်ထားပြန်ဘူး။ အဲ့ဒီ့ကောင်လေးက မျက်မှန်မပါရင် ဘာမှမမြင်ရတဲ့သူကို ဘယ်လိုဖြစ်...အွန့်.."

နှစ်ရက်လောက် အစာလည်းကောင်းစွာမစားရသလို ရေသာသောက်ခဲ့ရ၍ Dracoသည် သူ့ကိုယ်သူ ကယောင်ခြောက်ခြားဖြစ်နေသည်ဟု ထင်လိုက်ပြီး တစ်ကိုယ်တည်း ရေရွတ်မိစဥ် သူ့ရဲ့ခြောက်သွေ့နေသည့် နှုတ်ခမ်းတွေကို သိမ်းပိုက်လာသည့် နူးညံ့သည့် နှုတ်ခမ်းတစ်စုံ။ ရုတ်တရက်ဖြစ်၍ မတုန့်ပြန်နိုင်ပဲ မျက်ဝန်းတွေ ပြူးကျယ်သွားခဲ့သည်။

My Rival Becomes My Husband Where stories live. Discover now