Part Eleven (Unicode)

4.5K 479 123
                                    

Harryတစ်ယောက် ငှားနေတဲ့အိမ်လေးရဲ့ အပေါ်ထပ်အိပ်ခန်းလေးရှိ စာကြည့်စားပွဲရှေ့မှာ ထိုင်နေသည်။သူ့ရဲ့အရှေ့မှာလည်း စီးပွားစီမံနဲ့ပတ်သက်တဲ့ စာအုပ်တွေပြန့်ကျဲနေပြီး စီးပွားစီမံအကြောင်းတွေတင်ထားတဲ့ websiteကို ဝင်ထားတဲ့ I-padတစ်လုံးလည်း ရှိနေသည်။

သို့ပေမဲ့ Harryရဲ့အာရုံက စာထဲတွင်မရှိ။Kyle Skydeပြောခဲ့တာတွေကိုသာ ပြန်တွေးနေမိသည်။

Flash Back Start။

ဖက်ထားတဲ့ Kyle Skydeဆီကနေ Harryရုန်းထွက်လိုက်ပြီး

"ငါ့ကိုထပ်မထိနဲ့။မင်းဘာပြောပြော ငါစိတ်မဝင်စားဘူး။ဂရုလည်းမစိုက်တော့ဘူး။နောက်ထပ် မင်းကိုမမြင်ချင်ဘူး။"

"ကိုယ်မင်းကို ချစ်ခဲ့တယ်...Harry။အခုလည်း ချစ်တုန်းပဲ။အရင်က မင်းကိုနာကျင်စေခဲ့တယ်ဆိုတာက မင်းကိုချစ်နေမိတယ်ဆိုတဲ့ အမှန်တရားကို လက်မခံနိုင်ခဲ့လို့ပါ။"

အရင်Harryကတော့ ထိုစကားကြားရင် ဘယ်လိုတုံ့ပြန်မှန်းမသိပေမဲ့ Harryကတော့ မျက်ခုံးသာပင့်လိုက်ပြီး ခေါင်းလေးစောင်းငဲ့ကာ

"အဲ့ဒီ့တော့....ငါက ဘာလုပ်ရမှာလဲ?ဒါတွေက အကုန်အတိတ်တွေပဲလေ။ငါအခု လက်ရှိကိုပဲ တွေးတော့မှာ။ထပ်ပြီးလာမပတ်သက်ပါနဲ့။မင်းတို့ကျေးဇူးနဲ့ မှောင်မိုက်နေခဲ့တဲ့ငါ့ကမ္ဘာက အခုတော့ငါ့သားလေး၂ယောက်နဲ့ သမီးလေးတို့ကြောင့် ပြည့်စုံလာပြီ။ငါ့အပေါ်မှာ အားနာစိတ်ရှိသေးရင် ထပ်ပြီးလာမပတ်သက်ပါနဲ့တော့။"

"နေပါဦး....ကိုယ်ကွာရှင်းလိုက်ပြီ။မင်းလည်း ကွာရှင်းလိုက်ပြီလို့ကြားတယ်။"

'လင်မယားတွေ အဆက်အသွယ်တော့ရှိကြသေးတာပဲ။မယားကလည်း လင်ကိုချက်ချင်းကို ငါကွာရှင်းလိုက်တဲ့အကြောင်းကို ပြောပြလိုက်တာပဲ။အတိုင်အဖောက်ညီချက်။'

Harryကတွေးလိုက်ပြီးမှ Kyle Skydeကို စိတ်လေတဲ့ပုံစံနဲ့ထပ်ကြည့်လိုက်ပြီး

"ငါနဲ့ဘာဆိုင်လဲ?ကျစ်!!မင်းနဲ့စကားပြောနေရတာ အချိန်ကုန်တယ်။ငါပြန်တော့မယ်။"

"ကိုယ်မင်းကို တာဝန်ယူချင်တယ်...Harry။ဒီအတောအတွင်းမှာ ကိုယ်နောင်တတရားတွေနဲ့ပဲ ရှင်သန်ခဲ့ရတယ်။ကိုယ်မင်းကို ကိုယ့်ရဲ့အပြစ်တွေအတွက် ပေးဆပ်ချင်တယ်။ကိုယ့်ကိုခွင့်ပြုပေး...."

My Rival Becomes My Husband Where stories live. Discover now