Part Twenty-Seven (Unicode)

2.8K 305 73
                                    

"မဆိုးဘူးပဲ။ လက်တည့်သားပဲ။"

ကစားကွင်းတွင် သေနတ်ပစ်တမ်းကစားနေကြရာ Potterသည် ပုလင်း၅လုံးမှာ ၅လုံးစလုံးကို ထိမှန်အောင်ပစ်နိုင်ခဲ့သည်။ Dracoသည် ဘေးမှာကြည့်နေရာမှ လက်ခုပ်တီးရင်းပြောတော့ Potterသည် ပါးလေးတွေမို့အောင် ပြုံးပြလာသည်။

"သားသားကို အဲ့ရေဘဝဲအရုပ်ယူပေး..Papa!"

Albusသည်ခုန်ပေါက်လျက် ရေဘဝဲအရုပ်ကြီးကိုညွှန်ပြလာရာ Potterသည်သေနတ်ကိုမောင်းပြန်တင်ရင်း

"အိုကေ...ရစေရမယ်။"

Dracoသည် Potterရဲ့ဟန်အမူအရာကို သေချာလိုက်ကြည့်နေရာ သေနတ်ပစ်နေသည့် Potterရဲ့ကိုယ်ဟန်အနေအထားမှာ မမှန်သေးပေမဲ့ အာရုံစူးစိုက်မှုနှင့် လက်တည့်မှုတို့ကတော့ အရမ်းကောင်းလွန်းသည်။ ဒါ့ကြောင့်လည်း ပစ်တိုင်းမလွဲ ဖြစ်နေခြင်းပင်။

"ဖောက်..ဖောက်...ဖောက်.."

ရေဘဝဲအရုပ်သည် ပုလင်း၁၅လုံးကို တစ်ချက်မှမလွဲပဲ ဆတ်တိုက်ပစ်နိုင်မှသာ ရရှိရမည့် ဆုလက်ဆောင်ဖြစ်ရာ Potterသည် ၁၅ချက်လုံးမလွဲအောင်ပစ်နိုင်ခဲ့ပြီး သားငယ်အတွက် ရေဘဝဲအရုပ်ကြီးကို ယူပေးနိုင်ခဲ့သည်။

'ပြီးပြည့်စုံတဲ့ သေနတ်သမားပုံစံဖြစ်ဖို့ ပခုံးအနေအထား ပိုပြီးဖြောင့်ဖို့နဲ့ ရပ်ပုံရပ်နည်းမှန်ဖို့ပဲလိုတော့တယ်။ သေနတ်ပစ်ဖို့များ မွေးဖွားလာတာလား? မင်းကဘာလဲ...Potter။ ဘာလို့ဒီလောက်တောင် ပြည့်စုံနေရတာလဲ?'

Dracoသည် မျက်မှောင်ကြုတ်ကာ တွေးနေစဥ် အင်္ကျီစကိုအဆွဲခံလိုက်ရ၍ ငုံ့ကြည့်မိတော့ Scorpiusသည် အားကိုးတကြီးနှင့်မော့ကြည့်နေ၍ သားကြီးရဲ့အရပ်ကိုမှီအောင် ထိုင်ချလိုက်ပြီး မေးလိုက်သည်။

"ဘာလိုချင်လို့လဲ...သားကြီး?"

သားကြီးက မဝံ့မရဲပုံစံနှင့် အကြာကြီးငြိမ်နေပြီးမှ ဖြေလာသည်။

"သား...သားလေ..ဟိုဝေလငါးအရုပ်လိုချင်လို့။ ဒါပေမဲ့...အဲ့အရုပ်က ပုလင်း၂၅လုံးကို ဆက်တိုက်ထိမှဖြစ်မှာ။ Papaကို ဒုက္ခပေးမိမှာစိုးလို့။"

"အာ...သားရယ်။ လိုချင်တာရှိရင် ရဲရဲသာပြော။ ဘာမှအားနာစရာမှမလိုတာ။ Daddyတို့တွေက မိသားစုတွေပဲလေ။ တကယ်လို့ သားရဲ့Papaမပစ်နိုင်ခဲ့ရင် Daddyကပစ်ပေးပြီး ဝေလငါးအရုပ်ရအောင် ယူပေးမယ်။"

My Rival Becomes My Husband Where stories live. Discover now