Part Twenty-Two (Unicode)

3.3K 325 46
                                    

Malfoyလုပ်ငန်းစုပိုင် ဆေးရုံရှိ အရေးပေါ်အခန်းရှေ့တွင်ဖြစ်သည်။ Malfoyသခင်လေး Draco Malfoyသည် စိတ်တွေမငြိမ်သည့်အလား လမ်းလျှောက်နေရင်း တစ်ချက်တစ်ချက်လည်း အရေးပေါ်အခန်းဆီသို့လှမ်းကြည့်သည်။ သူ့ရဲ့အနားမှာတော့ ဆယ်ကျော်သက်အရွယ် ကောင်လေးတွေသည်ကိုယ်စီ ကလေး၃ယောက်ကိုပွေ့ထားရင်း စိုးရိမ်စွာနှင့်ထိုင်နေသည်။ ကလေးတွေထဲက တစ်ယောက်ကတော့ ဘာစကားမှမပြောပဲ ငြိမ်သက်နေ၍ ပွေ့ထားသည့်ကောင်လေးက ကလေးအားချော့မော့ရင်း စကားလေးတွေပြောပေးနေသည်။

"အဟင့်...Papaဘာမှမဖြစ်ပါဘူးနော်..ကိုကြီး Austin?"

"ဒါပေါ့..Lilyလေးရဲ့။ ဘာမှမဖြစ်လောက်ပါဘူး။ ဒါကြောင့်...မငိုနဲ့နော်။"

သမီးငယ်လေးရဲ့အသံကိုကြားမှ Dracoသည်လည်း လမ်းလျှောက်နေတာကိုရပ်လိုက်သည်။ ကိစ္စတွေက ဘယ်ကနေဘယ်လိုဖြစ်သွားသလဲဆိုတာ Dracoပင်လိုက်မမှီတော့ချေ။

ညနေပိုင်းမှာ Companyရဲ့ အသစ်စက်စက် Projectခိုးယူခြင်းခံရသဖြင့် ဝန်ထမ်းအားလုံးကိုစစ်မေးနေစဥ်မှာ သားကြီးထံမှဖုန်းရခဲ့သည်။ Potterကိုကယ်ပေးပါဆိုသည့် သားကြီးရဲ့ဗလုံးဗထွေးငိုသံတွေကြောင့် Dracoမနည်းနားလည်အောင် ကြိုးစားနေရစဥ်မှာပင် သားကြီးရဲ့ကြောက်လန့်တကြားအော်သံကြောင့် စိုးရိမ်စိတ်တွေကြီးလာပြီး ချက်ချင်းထရပ်လို့ အစည်းအဝေးခန်းထဲကနေပြေးထွက်ခဲ့ရသည်။

ကားပါကင်ရှိရာကိုဆင်းရင်း သားကြီးတို့ဘယ်မှာရှိနေသလဲဟု မေးသော်ငြား သားကြီးထံမှအဖြေထွက်မလာတော့၍ Dracoရဲ့ရင်ထဲ စိုးထိတ်မှုကပိုလို့တိုးလာသည်။ ထို့ကြောင့် သားကြီးရဲ့တည်နေရာကို GPSဖြင့်ချက်ချင်းရှာပြီး ကားပါကင်ဆီကိုပြေးသွားလိုက်သည်။ ကားပေါ်ကိုရောက်သည်နှင့်ချက်ချင်းစက်နှိုးကာ သားကြီးရဲ့တည်နေရာကိုပြနေသည့်အတိုင်း တရကြမ်းမောင်းလာခဲ့လိုက်သည်။

ထိုနေရာကိုရောက်တော့ Dracoမြင်လိုက်သည်က ဆယ်ကျော်သက် ကောင်လေးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာမေ့မျောနေသည့် Potter။ နှုတ်ခမ်းတွေကလည်းဖြူဖျော့နေပြီး တစ်ကိုယ်လုံးမှာလည်း သွေးတွေရွှဲနေသည့်အတွက် Dracoလည်းတကယ့်ကို စိုးရိမ်ပူပန်သွားရသည်။ ချက်ချင်းပင်အနားကိုပြေးသွားပြီး ပွေ့ထားသည့်ကောင်လေးအား တွန်းထုတ်လိုက်ကာ Potterအားဆွဲပွေ့လိုက်သည်။

My Rival Becomes My Husband Where stories live. Discover now