Part Twenty (Unicode)

3.9K 384 62
                                    

တောင်ကုန်းတစ်ခုပေါ်မှာ တည်ရှိနေသည့် Malfoyစံအိမ်ကြီးတွင် Christmasရဲ့အငွေ့အသက်တွေ လွှမ်းခြုံနေပြီး လေထုသည်လည်း နွေးထွေးကြည်နူးစရာကောင်းလှလေသည်။ မကြာခင်ရက်ပိုင်းအတွင်းမှာ Christmas Eveရောက်တော့မည်ဖြစ်၍ စံအိမ်တစ်ခုလုံးသည်လည်း Christmasအပြင်အဆင်များနှင့် အလှဆင်ထားခြင်းခံရလေသည်။

"ဖိုးဖိုး...သားကိုချီ။ သား..ဒီခြေအိတ်နီနီလေးကို ပြတင်းပေါက်ဘောင်မှာ ချိတ်ချင်လို့။"

"Daddy...မီးမီးကိုလည်းချီ။ ဒီနတ်သမီးရုပ်လေးကို Christmasသစ်ပင်မှာ ချိတ်ချင်တယ်။ ချီပေးပါ!!"

စံအိမ်၏ ဧည့်ခန်းထဲတွင်ဖြစ်သည်။ Lucius Malfoyမှာ လက်ကလေးဆန့်ကာ ချီပေးဖို့တောင်းဆိုနေသည့် မြေးအလတ်လေးအား စွေ့ခနဲချီမရင်း ပြတင်းပေါက်ဘောင်နားမှာ သွားရပ်ပေးလိုက်ရသလို Draco Malfoyသည်လည်း ချစ်စရာသမီးငယ်လေးရဲ့ စကားကိုမလွန်ဆန်နိုင်ပဲ သမီးငယ်လေးကိုပွေ့ချီလို့ Christmasသစ်ပင်နားကို ရပ်ပေးလိုက်သည်။

Harry Potterဆိုသည့် လူရွယ်လေးကတော့ ဧည့်ခန်းမှာထိုင်နေပြီ သိုးမွေးလုံးအချို့နှင့် သိုးမွေးချည်ထိုးရင်း အလုပ်ရှုပ်နေကာ ဘေးမှာထိုင်နေသည့် သားအကြီးဆုံးလေးက သူ့ရဲ့Papaဖြစ်သူ ဘာသိုးမွေးချည်ထည်တွေများ ထိုးနေသလဲဆိုပြီး လိုက်ကြည့်တိုင်း Harry Potterကတော့ လုံးဝမပြပဲ ဖွတ်ထားတတ်သည်။ ပြီးတော့လည်း ဒီလိုပြောတတ်သေးသည်။

"လိုက်ကြည့်မနေနဲ့...Scorp။ ဒါက လျှို့ဝှက်ချက်။"

ထိုအခါ Scorpius Malfoyမှာ သိမ်မွေ့သည့်အပြုံးလေးနှင့် ခေါင်းငြိမ့်ပြပြီး အဖွားဖြစ်သူ Narcissa Malfoyနှင့်သာ စံအိမ်ပတ်လည်မှာ အလှဆင်မည့် ဖဲကြိုး၊ ဖဲပြားတွေနှင့် အမျိုးအစားစုံလင်လှသည့် အရုပ်လေးတွေကိုသာ ကူရွေးပေးနေလိုက်သည်။ သို့ပေမဲ့ ကလေးပီပီ သူ့ရဲ့Papaကြိုးစားပမ်းစားထိုးနေသည့် သိုးမွေးချည်ထည်ဆီကို အာရုံပြန်ရောက်ရောက်သွားတတ်ပြန်ရာ သူ့ရဲ့Papaကလည်း သူလှည့်ကြည့်တိုင်း ဖွတ်ထားတတ်သည်။

"ညစာပြင်ရင် ကျွန်တော်ကူပေးမယ်နော်...Narcissa။ ကျွန်တော့်လက်က ကောင်းနေပြီ။"

My Rival Becomes My Husband Where stories live. Discover now