Part Twenty-Eight (Unicode)

2.5K 313 48
                                    

"မဖြစ်ဘူး!!! Albus!!!"

Harryမှာ ဘယ်လိုပင်မြန်အောင်ပြေးပြေး Albusဆီကိုတည့်တည့်လာနေသည့် ကားအရှိန်မှာမြန်လွန်းလှ၍ အချိန်မမှီလိုက်ပေ။ ဒီအချိန်အတွင်းမှာ Harryသည် စိုးရိမ်လွန်း၍ တစ်ကိုယ်လုံးထုံထိုင်းသွားသလိုပင် ခံစားလိုက်ရသည်။

'မမှီတော့ဘူး!! ငါ့သားလေး! ငါ့သားလေး!! မဖြစ်ဘူး! ကယ်ပေးကြပါ!! တစ်ယောက်ယောက်!!'

သို့ပေမဲ့ အံ့သြစရာဖြစ်ရပ်တစ်ခု ဖြစ်ခဲ့လာသည်။ အရှိန်နှင့်ကားသည် Albusအားဝင်တိုက်ဖို့ နည်းနည်းလေးအလိုမှာ Albusသည် အနောက်ကနေအားပြင်းပြင်းနှင့် အတွန်းခံလိုက်ရသလို Harryရဲ့ရင်ခွင်ထဲကို အရှိန်ဖြင့်ပစ်ဝင်လာ၍ Harryလည်အချိန်ဆွဲမနေပဲ သားငယ်ကိုဆွဲဖက်၍ လမ်းဘေးကိုလှိမ့်ရှောင်လိုက်ရတော့သည်။

"ဒုတ်!!"

ကားလမ်းပေါ်မှ ဘေးဘက်ကိုအရှိန်နှင့်ပစ်ဝင်ပြီး လှိမ့်ကာရှောင်လိုက်ရ၍ Harryရဲ့တံတောင်မှာ ကွန်ကရစ်နှင့်ရိုက်မိသွားပြီး သွေးတွေပါဖြာထွက်လာသည်။ သို့ပေမဲ့ Harryမှာ ဒါတွေကိုဂရုမစိုက်နိုင်ပဲ ရင်ခွင်ထဲမှ Albusအားငုံကြည့်ဖို့ပြင်ပြီးမှ Albusတစ်ယောက် ထူးထူးဆန်းဆန်းနှင့် သူ့ရဲ့ရင်ခွင်ထဲပစ်ဝင်လာတာကို မသင်္ကာ၍ လမ်းတစ်ဘက်ကိုလှမ်းကြည့်မိရာကနေ မြင်လိုက်ရတာကြောင့် မျက်လုံးတွေပြူးကျယ်သွားရသည်။

အဘယ့်ကြောင့်ဆိုသော် လမ်းတစ်ဖက်တွင် ဖြူလွှလွှအရိပ်တစ်ခုရပ်နေပြီး အေးစက်ပြီးခံစားချက်မရှိသည့် ဒီလောကရဲ့ Harry Potterမှာ သူ့အားအကြည့်စူးစူးတွေနှင့် စိုက်ကြည့်နေခြင်းကြောင့်ပင်။ ထိုသူသည် သူဒီလောကကို ရောက်ခါကစ ဝင်ဆင်ထားခဲ့သည့်အတိုင်း အဖြူရောင်shirtနှင့်ဂျင်းအနက်ကို ဝတ်ဆင်ထားပြီး Harryအား အဓိပ္ပါယ်ဖော်မရသည့် အကြည့်တွေနှင့် ကြည့်နေခဲ့သည်။ ထိုစဥ် ကားတစ်စီးသည် Harryရဲ့ရှေ့ကနေ ထပ်ဖြတ်သွားပြီးနောက်တွင်တော့ ထိုသူအား Harryမမြင်ရတော့ချေ။

'ဘာလို့..ဘာလို့ သူကရှိနေသေးတာလဲ?! Albusကိုရော သူကယ်သွားတာလား?!'

"အာ..Papaရဲ့လက်မှာ သွေးတွေ!!"

Albusရဲ့အလန့်တကြားအော်သံကို ကြားမှသာHarryသည် တွေးနေတာကိုရပ်လိုက်ပြီး သွေးချင်းချင်းနီနေသည့် တံတောင်ဆစ်အားငုံ့ကြည့်ရသလို လန့်ပြီးထငိုသည့် သားငယ်ကိုပါချော့ရတော့သည်။

My Rival Becomes My Husband Where stories live. Discover now