Part Six (Unicode)

3.6K 512 69
                                    

At '24 Hour' Cafe။

ဒီနေ့မှ အတော့်ကို လူကျနေ၍ Harryအပါအဝင် SteveရောTinaပါ အလုပ်များနေကြသည်။

ညနေ၄နာရီကနေ အလုပ်များသွားကြရာ ည၇နာရီအထိပင်။မိုးကလည်း ခပ်ဖွဲဖွဲရွာနေသည်မလို့ လူလည်းကျဲသွားသည်။

ဆိုင်မှာလူအရမ်းကျသွား၍ Cofeeစေ့ကုန်သွားတာမလို့ Steveက သွားဝယ်နေရာ ဆိုင်တွင်Harry၊Tinaနှင့် Ms.Maryတို့သာ ရှိသည်။

"Harry....ပထမဆုံးကျောင်းတက်ရက်က အဆင်ကောပြေရဲ့လား?Tinaဆီက ကြားတာကတော့ အအေးနဲ့အပတ်ခံရတယ်ဆို။"

"မပြောချင်ပါဘူး...Ms.Maryရယ်။အခုခေတ်ကလေးတွေက တကယ်မလွယ်ဘူး။"

ဆိုင်ရဲ့ ကိတ်မုန့်ဖုတ်ခန်းကို သန့်ရှင်းရေးလုပ်ပြီး ခဏနားနေတဲ့ Harryကပြန်ဖြေနေစဥ် ဆိုင်ထဲကိုလူဝင်လာသည့် အသံကြားလိုက်၍ Tinaက

"ညီမသွားဧည့်ခံလိုက်မယ်။"

ဟုဆိုပြီး ဆိုင်ရှေ့ကိုထွက်သွားသည်။Harryကတော့ Ms.Maryအသစ်ထွင်ပြီး ဖုတ်ထားတဲ့ သံပုရာကိတ်ကို ခရင်းတစ်ချောင်းနှင့် မြည်းဖို့ပြင်ရင်း ကျန်ခဲ့သည်။

ငါးမိနစ်ပင် မကြာလိုက် Tinaရဲ့စူးခနဲအော်သံကြောင့် Harryမှာ ခရင်းကိုင်လျက်နဲ့ ကိတ်မုန်ခန်းထဲက ပြေးထွက်လာရသည်။

"Tina!!ဘာဖြစ်တာလဲ?!"

"ဝိုး!!!ကောလဟလတွေက တကယ်မှန်တာပဲ။'24 Hours' Cafeမှာ အလှလေးတစ်ယောက် အသစ်ရောက်နေတယ်ဆိုတာ တကယ်မှန်တာပဲ။"

အသက်၁၈ပင်ပြည့်ပုံမပေါ်သေးသည့် ကျောင်းသားလူဆိုးလေး ၃ယောက်သည် ဆိုင်ထဲမှာရှိနေကြသည်။သူတို့ထဲက တစ်ယောက်သည် Tinaအား ဆံပင်ကနေဆွဲထားရင်း Harryကိုမြင်တော့ ပြောလိုက်ခြင်းပင်။

Harryနှုတ်ခမ်းတွေကို တင်းတင်းစေ့ကာ ထိုကောင်လေးတွေအား

"Tinaကိုလွှတ်လိုက်!!ပြီးရင် ထွက်သွား!!!"

"ဒီကမမက ကျွန်တော်တို့က အသစ်ရောက်လာတဲ့ အလှလေးနဲ့ တွေ့ချင်တယ်လို့ ပြောတာကို မခေါ်ပေးဘူးလေ။အဲ့ဒါကြောင့် ပညာနည်းနည်းလေး ပေးလိုက်တာ။"

"ဒါပေမဲ့ အလှလေးက ယောက်ျားလေးဖြစ်တယ်ဆိုတာကတော့ အခုမှသိတယ်ကွာ။"

My Rival Becomes My Husband Where stories live. Discover now