Part Eight (Unicode)

4.4K 515 189
                                    

Harryတစ်ယောက် သူ့နားရွက်ဖျားလေးအနားကို ကပ်လို့ပြောလာသည့် Malfoy၏ အက်ရှရှအသံကြောင့် တုန်တက်သွားသည်။တစ်ဆက်တည်းမှာလည်း ခြေဖျားလက်ဖျားတွေပါ အေးစက်လာပြီး အသက်ရှူသံတွေပါ မြန်လာသည်။အကြောင်းမှာတော့ မူလပိုင်ရှ​င်သည် Malfoyနှင့် ခန္ဓာကိုယ်ချင်း ရင်းနှီးဖူးသားဖြစ်၍ Malfoy၏အထိအတွေ့ကို ကျင့်သားရနေဖြစ်လို့ ခန္ဓာကိုယ်က အလိုလိုတုံ့ပြန်နေခြင်းပင်။ထို့ကြောင့် Harryမှာ Malfoy၏ ရင်ခွင်ထဲ ထွေးပွေ့ခံထားရခြင်းမှလည်း ရုန်းမထွက်နိုင်ပဲ Malfoy၏ ညဝတ်sweaterကိုသာ ခပ်တင်းတင်းဆုပ်ကိုင်ထားရသည်။

Malfoyသည် Harryနားရွက်လေးအနားကို ကပ်ပြောပြီးနောက် Harryရဲ့အမာရွက်ကို လက်နဲ့အသာတို့လာရင်း

"မင်းမှာ အမာရွတ်ရှိနေမှန်း ငါအခုမှသိတယ်။အရင်ကဆို မင်းကအမြဲ မင်းမျက်နှာကို ဆံပင်နဲ့အုပ်အုပ်ထားတာ။ဒီလိုဆိုတော့ မင်းမျက်နှာ လှလှလေးကို လူတွေဘယ်မြင်နိုင်ပါ့မလဲ?"

Malfoy၏ အသံသြရှရှနှင့် Harryနဖူးပေါ်ရှိ အမာရွတ်အပေါ် ပြေးလွှားနေသည့် Malfoy၏ လက်ချောင်းလေးတွေကြောင့် Harryမှာမနေတတ်ပေမဲ့လည်း မရုန်းထွက်နိုင်သလို နဖူးပေါ်ကလက်ချောင်းတွေကို ပုတ်ချဖို့လည်း ခန္ဓာကိုယ်ကလည်း မရွေ့။

"ဒါကြောင့်...မင်းနဲ့တွဲခဲ့တဲ့ ကောင်လေးတွေက မင်းကိုသိပ်လှလွန်းလို့ လက်မလွှတ်နိုင်ကြဘူးလေ။တစ်ချို့ဆို ငါ့ဆီကတောင် မင်းကိုတောင်းကြတယ်။မင်းရှိရင် သူ့တို့ဘဝပြည့်စုံပြီတဲ့လေ။အဲ့စကားတွေကို ငါမယုံခဲ့ပေမဲ့ အခုတော့ယုံသွားပြီ။လက်မလွှတ်ချင်လောက်အောင် မင်းကလှတာကိုး။"

"Mal....Malfoy!!!ဘာ...ဘာတွေပြောနေတာလဲ?!"

Malfoy၏ စကားတွေကို နားမလည်နိုင်လို့ ပြန်မေးလိုက်တော့ Malfoyက နှုတ်ခမ်းလေးတွန့်ရုံသာ ပြုံးပြလာပြီး Harryနဖူးက အမာရွတ်ကို ထိနေသည့် လက်ချောင်းတွေက Harryမျက်နှာတစ်ခုလုံးကို အသာအယာထိတွေ့လာပြီးမှ Harryမေးစေ့ဆီ ရောက်လာကာ မေးကို ထိုလက်ချောင်းတွေနဲ့ ပင့်တင်လိုက်ကာ Harryမျက်နှာကို သေချာအနီးကပ်ကြည့်ရင်း

"ငါက....မင်းနဲ့တွဲသမျှကောင်လေးတွေကို ငွေပေးပြီး မင်းနဲ့အဆက်ဖြတ်ခိုင်းနေကြလေ။တဖြည်းဖြည်းနဲ့ သံယောဇဥ်တွယ်လာရင် ကလေးတွေသိသွားလိမ့်မယ်။သူတို့ရဲ့အဖေက တခြားယောက်ျားတစ်ယောက်နဲ့ ပျော်မြူးနေတာကို သိသွားရင် သူတို့ဘယ်လောက်ဝမ်းနည်းလိမ့်မလဲ?ပြီးတော့....မင်းကလည်း အဲ့ကောင်လေးတွေကို တကယ့်စိတ်ရင်းနဲ့ ချစ်တဲ့ပုံလည်း မပေါ်ပါဘူး။ကိုယ့်သားသမီးကိုတောင် မချစ်တဲ့မင်းက တခြားသူစိမ်းကိုရော ချစ်နိုင်ပါ့မလား?ဒါပေမဲ့ အဲ့ဒီ့မင်းရဲ့ ရည်းစားကောင်လေးတွေထဲက တစ်ချို့က သူတို့ဘဝကိုပြောင်းလဲစေနိုင်တဲ့ ငွေတွေပုံပေးတာတောင် မယူဘဲ မင်းကိုပဲ တောင်းကြတယ်လေ။မင်းသာရှိရင် ရပြီတဲ့လေ။ဒီမျက်နှာလှလှလေးက သူတို့ကို အတော့်ကို ညှို့ယူထားတာပဲ။"

My Rival Becomes My Husband Où les histoires vivent. Découvrez maintenant