Part Thirty-Eight (Unicode)

2.9K 251 115
                                    

ပြင်သစ်တွင်ရှိနေသည့် Potter အပန်းဖြေစံအိမ်တွင် ဖြစ်သည်။ Potter သည် အိပ်ရာဝင်ဝတ်စုံလဲထားလျက် ရေချိုးခန်းထဲမှ ထွက်လာသည်။ I-pad မှ ပရောဂျက်တစ်ချို့ကိုဖတ်နေပုံရသည့် Draco ကိုမြင်တော့ ကျေးဇူးတင်စကား ဆိုလာသည်။

"Malfoy...ကျေးဇူးပဲ သိလား?"

"ဘာအတွက်လဲ?"

"ငါ့မိဘတွေကို ရှာပေးလို့။"

"အာ...အဲ့ဒါ Senior လုပ်ပေးတာ။"

"ဒါဆို...တစ်ခါလောက် ညစာဖိတ်ကျွေး...အမေ့!!"

"ညစာကလေ....ငါ့ကိုအရင်မကျွေးချင်ဘူးလား?"

I-pad ကို ဘေးချလျက် အနားမှာရပ်နေသည့် Potter ကို ပေါင်ပေါ်ဆွဲတင်လိုက်ပြီး ပြုံးစိစိနှင့် မေးလိုက်တော့ Potter က သူ့ရဲ့ခေါင်းကို ခေါက်ချလိုက်သည်။

"ဂွပ်!!"

"အ!! နာတယ်ဟ! လက်ဆပြင်းတာကို လျှော့ဦး!!"

"ဆုတောင်းလေ! မင်းရူးနေလား? ငါတို့က မိဘတွေရဲ့အပန်းဖြေစံအိမ်မှာနော်! ကလေးတွေကလည်း ဘေးခန်းမှာ ရှိတာကို ဘာတွေကြံစည်နေတာလဲ?!"

"မင်းက အရမ်းစွဲမက်ဖွယ်ကောင်းတော့ ငါသည်းမခံနိုင်တော့ဘူး။ ပြီးတော့....မင်းအသံမထွက်ရင် ဘယ်သူမှမသိဘူးလေ။"

သူ့စကားအဆုံးမှ Potter ဆီမှ ထပ်ပြီး အခေါက်ခံလိုက်ရပြန်၍ ခေါင်းတွေ မူးနောက်သွားမတတ်။

"ဂွပ်!!"

"အ!! နာပါတယ်ဆိုနေ!!"

"ဘယ်တုန်းက အဲ့ဒီ့ကိစ္စတွေမှာ အရမ်းစိတ်အားထက်သန်သွားရတာလဲ?! အရင်က ဒီလောက်မဟုတ်....အမေ့!!"

Potter ကို ပေါင်ပေါ်တင်ထားရာကနေ ထရပ်လိုက်၍ ကလေးလေးတွေ ချီထားသလိုမျိုးပုံစံဖြစ်သွားကာ Potter သည်လည်း လန့်ပြီး သူ့ရဲ့လည်တိုင်ကိုဖက်တွယ်လာသည်။ အိစက်နေသည့် ပါးပြင်ကိုဖိနမ်းလိုက်ပြီး အိပ်ရာပေါ်မှဖိထားလိုက်ကာ အခုတလောအမြဲဆောင်ထားဖြစ်သည့် ကွန်ဒုံးကိုပါ ဆွဲထုတ်လိုက်ပြီး ပါးစပ်နှင့်ဖြဲလိုက်သည်။

"မင်းကြောင့်လေ။ မင်းက ငါ့ကိုရူးသွပ်စေတယ်။"

"အပြောချိုလှချည်လား...ဆရာသမား? ကောင်းပြီလေ။ တစ်ခါပဲရမယ်။"

My Rival Becomes My Husband Where stories live. Discover now