Part Five (Unicode)

4K 506 73
                                    

Harryတစ်ယောက် ဆေးရုံကုတင်ပေါ်တွင် ဖျော့တော့စွာလှဲလျောင်း နေသည့် Madam Taylorကိုငေးကြည့်နေသည်။ဒီမနက်စောစောမှာ ကလေးတွေအတွက် မနက်စာလုပ်နေစဥ် Madam Taylorမေ့လဲသွားလို့ အရေးပေါ်အခန်းရောက်တယ်ဆိုပြီး Ms.Maryကဖုန်းဆက်လာလို့ စာတိုတစ်စောင်ပဲ ချန်ခဲ့ပြီး ဆေးရုံကိုအပြေးလာခဲ့ရသည်။

Ms.Maryက ဆိုင်ဖွင်ရဦးမှာမလို့ Harryသာ Madam Taylorအနားမှာ လူနာစောင့်အဖြစ် ကျန်ခဲ့ရလေသည်။ဒါကိုကြိုမြင်၍ ပြန်မလာနိုင်ကြောင်း စာတိုလေးထားခဲ့ခြင်းပင်။

Madam Taylorကိုငေးကြည့်နေရင်း Harryတစ်ယောက် သူ့လည်ပင်းကို မတော်တဆပွတ်မိသွားတော့ စပ်ဖျင်းစပ်ဖျင်းနဲ့ နာနေတာကို သတိထားမိသွားပြီး မနေ့ညကအဖြစ်အပျက်ကိုပါ သတိပြန်ရသွားသည်။

Malfoyကသူ့ကို အပျော်ကစားခဲ့ခြင်းပင်။ထိုအအရာမှလွဲ၍ တခြားအရာ မဖြစ်နိုင်။Malfoyနှင့် သူအခုရောက်နေသည့် ခန္ဓာကိုယ်ပိုင်ရှင်တို့ကြားမှာ ဘာအနှောင်အဖွဲ့မှ မရှိချေ။တစ်ခါတစ်ရံ အတူတူအိပ်ကြတာက လွဲပြီးဘာမှမရှိ။

Malfoyရဲ့ အထိအတွေ့အောက်မှာ လိုက်ပါစီးမျောမိသည့် သူ့အဖြစ်ကို သူပြန်တွေးရင်း Harryမှာ မျက်နှာတစ်ခုလုံး နီလာရုံသာမက ပူပါပူတက်လာသည်။ဒါကသူနဲ့မဆိုင်ချေ။Malfoyရဲ့ အထိအတွေ့ကို ရင်းနှီးပြီးကျင့်သားရနေသည့် မူလပိုင်ရှင်ရဲ့ ခန္ဓာကိုယ်ကြောင့်ပင်။အထိအတွေ့မှာ သာယာနေမိသည့် ကိုယ့်စိတ်ကို မနည်းထိန်းလိုက်လို့သာ ဒီလောက်နဲ့ရပ်သွားခြင်းပင်။

'ငါသာ ခြေထောက်နဲ့လှမ်းမကန်ရင် အဲ့ကောင် ဘယ်အထိသွားဦးမလဲ မသိ?'

တွေးရုံနဲ့တင် ကျောချမ်းလာ၍ Harryတစ်ယောက် အပူမကျသေးသည့် နီရဲနေသော မျက်နှာအား မျက်နှာသစ်ရန် သန့်စင်ခန်းဆီသို့ ထွက်လာလိုက်သည်။Madam Taylorက စိတ်ချရသည့်အခြေအနေ ရောက်ပြီမလို့ ရိုးရိုးလူနာဆောင်ကို ပြန်ပြောင်းလာရပြီဖြစ်လို့ ကိုယ်ပိုင်အခန်းမဟုတ်တော့ပေ။

ထို့ကြောင့် Harryလည်း အခန်းကန့်ထားသည့် ဆေးရုံလိုက်ကာကို ဆွဲဖယ်ရင်း သန့်စင်ခန်းရှိရာကို ထွက်လာသည်။

My Rival Becomes My Husband Where stories live. Discover now