Part Twelve (Unicode)

4.4K 455 155
                                    

မနက်၆နာရီကျော်ကျော်လောက်မှာ Dracoနိုးလာသည်။အိပ်ရာပေါ်မှာ သူတစ်ယောက်တည်းမဟုတ်မှန်း သတိပြန်ရသွားပြီး ဘေးကိုကြည့်မိတော့ Potterဟာ Dracoရဲ့ရင်ခွင်ကို ခေါင်းအုံးလို့အိပ်ပျော်နေသည်။ထို့အပြင်Dracoကလည်း Potterရဲ့တစ်ကိုယ်လုံးကို သိမ်းကြုံးကာဖက်ထားမိထားလေသည်။

"အင့်..မထချင်သေးဘူး!!"

Dracoအနည်းငယ်လှုပ်မိသွား၍ Potterက အိပ်နေရင်းနဲ့ ပြောလာပြီး Dracoရဲ့ရင်ခွင်ထဲကို ပိုတိုးဝင်သည်။Dracoလည်းရုတ်တရက်တောင့်တင်းသွားသည်။

ချစ်တင်းသာနှောလေ့ရှိပေမဲ့ Dracoနဲ့Potterဟာ ဘယ်တော့မှ ပွေ့ဖက်ခြင်းမရှိကြချေ။ချစ်တင်းနှောပြီး ရေမိုးချိုးသန့်စင်ပြီးတာနဲ့ Potterကသူ့အခန်းကိုသာ ပြန်သွားလေ့ရှိတာကြောင့် အခုလိုထွေးဖက်ထားဖို့ဆိုတာမျိုးက ဝေလာဝေးပင်။

ညကအလျင်စလိုအိပ်မိသွားတာကြောင့် သူတို့ပြတင်းပေါက်ကို ဖွင့်ထားခဲ့မိ၍ ဆောင်းလေအေးအေးက ပြတင်းပေါက်ကနေ အိပ်ခန်းထဲကို တိုးဝင်လာသည်။ထို့ကြောင့် Potterကနွေးနေသည့် Dracoရင်ခွင်ထဲကို အတင်းထပ်တိုးဝင်သည်။ရုတ်တရက်မလို့ Dracoလည်း Potterကိုလက်နှစ်ဖက်စလုံးနဲ့ အသာပွေ့ဖက်လိုက်မိသည်။

လူချင်းနီးကပ်နေတာကြောင့် Potterဆီက ပန်းသီးနံ့မွှေးမွှေးကို ရှူသွင်းမိလိုက်သည်။ထိုရနံ့သည် Dracoအားဘယ်သောအခါမှ မငြီးငွေ့စေချေ။ဒါ့အပြင် Dracoထိုအနံ့လေးကို သဘောကျသည်။ထိုရနံ့လေးက Dracoအား စိတ်အပန်းပြေစေတာကြောင့် မနေနိုင်တော့ပဲ Dracoတစ်ယောက် သူ့ရင်ဘက်ပေါ်ကို ခေါင်းတင်လို့ အိပ်ပျော်နေသည့် ခေါင်းလုံးလုံးလေးကို နမ်းရှိုက်မိတော့သည်။

'မွှေးလိုက်တာ။သေချာပေါက် ငါသဘောကျတဲ့ Mashmallowအနံ့လေးပဲ။ပန်းသီးနံ့သင်းသင်းလေးရောပဲ။'

အချိန်ဘယ်လောက်ကြာအောင် စိတ်လွတ်ကိုယ်လွတ် နမ်းရှိုက်နေမိမှန်းမသိ Potterကအိပ်နေရာကနေ လူးလွန့်လာမှ Dracoသတိဝင်လာပြီး ရပ်လိုက်သည်။

'ငါဘာတွေလုပ်နေတာလဲ?!ငါရူးသွားပြီပဲ!!'

စိတ်ထဲကနေ တွေးလိုက်ပြီး အိပ်ရာကနေထဖို့ပြင်သည်။ရင်ဘက်ပေါ် ခေါင်းတင်အိပ်နေသည့် Potterအား ခေါင်းအုံးပေါ်ကို အသာချလိုက်ပြီး အိပ်ရာထဲကနေ တိတ်တဆိတ်ထွက်လာလိုက်သည်။Potterကတော့ ညကသောက်ထားမိသည့် wiskeyအပြင်းစားကြောင့်လားမသိ။ဘက်ပြောင်းကာ လူးလွန့်လို့ ပြန်အိပ်သွားသည်။အိပ်နေတဲ့သူမနိုးအောင် ခြေကိုဖွလျက် ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲကို Dracoဝင်သွားလိုက်သည်။

My Rival Becomes My Husband Wo Geschichten leben. Entdecke jetzt